ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

(ဓာတ်ပုံ – မီးလောင်ပျက်စီးသွားတဲ့ကျောက်ဖြူမြို့နယ်၊ကပ်သပြေကျေးရွာ / APM)

By

ကျောက်ဖြူမြို့နယ်၊ကပ်သပြေကျေးရွာကို မတ်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရသွားသလို့ နေအိမ်နှစ်ဆယ်ကျော်မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီကပ်သပြေကျေးရွာက အသက် ၅၆ နှစ်အရွယ် ဦးဘသိန်းအောင်ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီစစ်ကောင်စီတပ်ရဲ့ ဓညဝတီရေ တပ်ကကပ်သပြေကျေးရွာကို ရွယ်ရည်ချက်ရှိရှိဒရုန်းနဲ့ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီလိုဗုံးကြဲတိုက်ခိုက်တာကြောင့် ဦးဘသိန်းအောင်ရဲ့မျက်နှာမှာ ဒဏ်ရာရသွားတာမို့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာစစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ အတွဲလို က်ဒုံးတွေ၊ နေဗီတွေ၊ တိုက်လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ အာရက္ခပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွမြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြိုနယ်သာကျန်နေပြီး အဲဒီမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြစ်နေတယ်လို အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့စစ်ကောင်စီတပ်ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲတွေဟာပြီးခဲ့တဲ့ဖေ ဖော်ဝါရီလဒုတိယမပတ်ကစတင်ပြီးဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here