အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့မှာ မတ်လ ၁၁ ရက်၊ ဒီနေ့နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်က စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီတောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်က အသက်သုံးဆယ်လေးနှစ်အရွယ်ဦးမောင်ဌေးဝင်းမှာ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီဦးမောင်ဌေးဝင်းနဲ့ဦးစိုးနိုင်တို့ဟာ ဒီနေ့နေ့လည်က တောင်ကုတ်မြို့၊ အမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်အနီးကို ဟင်းရှာသွားရင်းနဲ့ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနင်းမိလို့ ခုလိုဒဏ်ရာရသွားတာဖြစ်တယ်လို့ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီတောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလ ည်း မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးခြေထောက်ပြတ်ထွက်သွားခဲ့ပါတယ်။
အဲဒီတောင်ကုတ်မြို့အခြေစိုက်၊ အမှတ်၅၄၄ ခြေမြန်တပ်ရင်းအနီးအနားနဲ့ ဂူတာရပ်ကွက်အတွင်း၊ လမ်းဘေးတလျှောက်လုံးကို မတ်လ ၁၀ ရက်နေ့ကစအာရက္ခတပ်တော်မိုင်းရှင်းလင်းရေးတွေပြုလုပ်ခဲ့ပါတယ်။
အဲဒီလိုရှင်းလင်းရာမှာ ဂူတာရပ်ကွက်က လူနေအိမ်ခြံတွေ၊ ကားလမ်ဘေးဝဲယာတွေမှာ စစ်ကောင်စီတပ်ထောင် ထားတဲ့နင်းမိုင်းအလုံးရေ ၃၈ လုံးကို အာရက္ခတပ်တော်က ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်က စစ်ကျန်လက်နက်တွေ၊ မိုင်းရှင်းလင်းရေးတွေပြုလုပ်ပေးနေပေမယ့် အရပ်သားပြည်သူတွေကတော့ စစ်ကျန်လက်နက်တွေ၊ မြေမြုပ်မိုင်းအန္တရာယ်တွေကို ကြုံတွေ့နေကြရဆဲဖြစ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာစစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊နေဗီတွေ၊တိုက်လေယာဥ်တွေ၊ဒရုန်းတွေ၊မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်တွေနဲ့အာရက္ခပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ် ဖြတ်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မိုင်းအသိပညာပေးမှုတွေကို မကြာခဏပြုလုပ်နေသလို မြေမြင်တွေမှာလည်း မြေမြုပ်မိုင်းအန္တရာယ်အတွ က် ဟောပြောပွဲတွေကိုပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ် ဆောင်နေတယ်လို့ဆိုပါတယ်။