ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ကျေးရွာကို မတ်လ ၃ ရက်၊ ဒီနေ့၊ နေလည် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က စစ်ကောင်စီတပ်ကဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့အရပ်သား တဦးသေဆုံးပြီးတဦး ဒဏ်ရာရသွားသလိုနေအိမ်ဆယ်လုံးမီးလောင်ပျက်စီးသွားတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။
အဲဒီသေဆုံးသွားသူမှာ အသက်ခြောက်ဆယ့်တနှစ်အရွယ်ဦးပေါက်စဖြစ်ပါတယ်။
အဲဒီဒဏ်ရာရသူမှာ ဒဏ်ရာပြင်းထန်တာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ကြတ္တိန်ကျေးရွာကို ဒရုန်းတွေနဲ့နေတိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကြတ္တိန်ကျေးရွာကို မတ်လ ၁၂ ရ က်၊ နေ့လည် ၁၂ နာရီအချိန်ခန့်ကလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက် ခိုက်လို့ဘုန်းကြီးကျောင်းဓမ္မာရုံပျက်စီး သွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီအပြင် မတ်လ ၁၁ ရက်နေ့ကလည်းစစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်လုံး၊ ဆန်တွေ မီးလောင်ပျက်စီးခဲ့သလို မတ်လ ၉ ရက်၊နေ့လည် ၁ နာရီအချိန်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၁၄ ဆောင်၊ ဆန် ၃၇၅၀ တင်း မီးလောင်ပြာကျသွားခဲ့သလို မတ်လ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ် ၂၇ ဆောင်၊ဆန် ၅၄၀၀ တင်း မီးလောင်ပြာကျသွားခဲ့ပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီလတတိယအပတ်ကစလို့ အာရက္ခတပ်တော်(AA) နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။
အဲဒါကြောင့် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေ၊ နေဗီတွေ၊ တိုက်လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ အာရက္ခပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ မြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ အာရက္ခ-မကွေးနယ်ခြား၊ အာရက္ခ-ပဲခူးနယ်ခြား၊ အာရက္ခ-ဧရာဝတီနယ်ခြားကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် စစ်ကောင်စီဖက် ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပါတယ်။