မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ

By

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ မတ်လ ၁၄ ရက်၊ ဒီနေ့နေ့လည်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရသွားတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့၊ လသာရပ်ကွက်က အသက်လေးဆယ်လေးနှစ်အရွယ်အဒူလာဟော့လ်မှာဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားတယ်လို့ မောင်တောဒေ သခံတွေက ဆိုကြပါတယ်။

အဲဒီအဒူဟာလေ့ဟ်ဟာ ဒီနေ့၊နေ့လည် ၁၂ နာရီ၊မိနစ် ၄၀ အချိန်ခန့်က ရွှေဇားချောင်းကမ်းဖက်ကို ငါရှာသွားရင်းစစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနင်းမိလို့ ခုလိုဒဏိရာရသွားတာဖြစ်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအဒူဟာလေ့ဟ်ဟာ ဒဏ်ရာပြင်းထန်တာမို့အရေးပေါ်ဆေးကုမှုခံယူနေရတယ်လို့ လသာရွာသားတွေက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့နယ်၊ ရွှေဇားအနောက်ရွာမှာ မတ်လ ၁၃ ရက်နေ့ကလည်း မြေမြုပ်မိုင်းနင်းမိလို့ အသက်ဆယ့်ရှစ်နှစ်အရွယ်မာမတ်ယာဆိမ့်ဟာ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားသလို မိုင်းစထိမှန်ပြီး ဘယ်ဖက်မျက်လုံးတဖက်ကွယ်သွားတယ်လို့ ရွှေဇားရွာသားတွေက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခတပ်တော်က မိုင်းရှင်းရေးတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်းမကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့လည်း မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရသေးတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့၊ လသာရပ်ကွက်၊ ရွှေဇား၊ ရွှေဇား(ဂုံးနား)၊ အီတာလျာ၊ ကမ်းပိုင်းနား၊ ကပ်ဘေး၊ စေတီပြင်စတဲ့ ကျေးရွာတွေမှာ ဖေဖော်ဝါရီလဒုတိယအပတ်ကစပြီး အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းရှင်းလင်းရေးလုပ်နေတဲ့အချိန် လူနေအိမ်ခြံဝန်းတွေနဲ့ လမ်းဘေးဝဲယာတွေမှာစစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းသုံးဆယ်ကျော်ကို အာရက္ခတပ်တော်ရဲ့မိုင်းရှင်းလင်းရေးအဖွဲ့က ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here