တောင်ကုတ်မှာမတ်လ ၁၇ ရက်၊ ဒီနေ့နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က နေအိမ်အတွင်း စစ်ကျန်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီတောင်ကုတ်မြို့၊ကံပိုင်ရပ်ကွက်က အသက် လေးဆယ်သုံးနှစ်အရွယ်
ဒေါ်တင်တင်ဦးမှာ ဘယ်ဖက်ပါးထိခိုက်ဒဏ်ရာရသွားခဲ့တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
ဒေါ်တင်တင်ဦးဟာ သူ့ရဲနေအိမ်အတွင်း သန့်ရှင်းရေးလုပ်နေတဲ့အချိန် စစ်ကော
င်စီတပ်က ရွယ်ရည်ချက်ရှိရှိထောင်ထားခဲ့တဲ့စစ်ကျန်မိုင်းပေါက်ကွဲတာကြောင့် ဒဏ်ရာရသွားတာဖြစ်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီစစ်ကျန်ဗုံးပေါက်ကွဲလို့ ဒေါ်တင်တင်ဦးရဲ့ နေအိမ်ဟာလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီတောင်ကုတ်မြို့၊ကံပိုင်ရပ်ကွက်မှာ
မတ်လ ၁၁ ရက်၊နေ့လည် ၁၂ နာရီ ၄၀ မိနစ်က အမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်အနီးကို ဟင်းရှာသွားရင်းနဲ့ စစ်ကောင်စီထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနင်းမိလို့ အသက် ၃၄ နှစ်အရွယ် ဦးမောင်ဌေးဝင်းမှာ ဘယ်ဖက်ခြေထောက်ပြတ်
ထွက်သွားခဲ့ပါတယ်။
အဲဒီတောင်ကုတ်မြို့အခြေစိုက်၊ခမရ
၅၄၄တပ်ရင်းအနီးအနားနဲ့ ဂူတာရပ်ကွက်
၊လမ်းတွေမှာ မတ်လ ၁၀ ရက်နေ့က မိုင်းရှင်းလင်းခဲ့ရာမှာ စစ်ကောင်စီတပ်ထောင်
ထားခဲ့တဲ့ မြေမြုပ်မိုင်း ၃၈ လုံးကို အာရက္ခစစ်သည်တော်တွေက ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တ
ရာယ်တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်းမကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါ အဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံ တွေ့နေကြရတယ်လို့လည်း မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရသေးတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။