ဘင်္ဂလားဒေ့ရှ်အစိုးရကအာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်(အာဆာ) ခေါင်းဆောင်အာတာအူလ္လာအပါအဝင်ခြောက်ဦးကို ဖမ်းဆီးအမှုဖွင့်ထားပေမယ့်ကျန်အာဆာအဖွဲ့ဝင်တွေ ဆက်လက်တိုက်ခိုက်သွားကြဖို့ ဆော်သြနေကြပါတယ်။
အဲဒီအာဆာအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ရှိတ်ဘာလ်ခန်လ်ဟာ မတ်လ ၂၀ ရက်နေ့က ရုပ်သံဗီဒီယိုတခုထုတ်ပြန်ပြောဆိုဆော်သြနေတာဖြစ်ပါတယ်။
အဲဒီအာဆာအဖွဲ့ဝင်တွေအပါအဝင်အမျိုးသမီးတွေကို နေရာနှစ်ခုမှ မတ်လ ၁၇ ရက်နေ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးတာကာငွေနှစ်ဆယ့်တသိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအာဆာခေါင်းဆောင်ဟာ ပါကစ္စတန်နိုင်ငံသားဖြစ်တာမို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ဝင်ရောက်မှု၊ အကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။
အဲဒီအာဆာအဖွဲ့ဟာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောသုံးမြို့နယ်မှာလူသတ်အကြမ်းဖက်မှုတွေကျူးလွန်ထားကြသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလ ည်း လူသတ်မှုတွေ၊ မူးယစ်ဆေးဝါးတွေအပါအဝင် အကြမ်းဖက်မှုတွေကျူးလွန်ထားကြပါတယ်။
အဲဒီအာဆာခေါင်းဆောင်အပါအဝင်ဖမ်းဆီးရမိထားသူတွေကို နိုင်ငံတကာတရားရုံးတွေမှာတရားစီရင်အပြစ်ပေးဖို့တောင်းဆိုနေကြတာတွေလည်းရှိနေပါတယ်။
ဒါပေမယ့် အကြမ်းဖက်မှုတွေကျူးလွန်ထားကြတဲ့အာဆာခေါင်းဆောင်အပါ အဝင်ဘင်္ဂလားဒေ့ရှ်အစိုးရဖမ်းဆီးထားသူတွေကို ပြန်လွတ်ပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းတွေက ကလေးသူငယ်တချို့ကို အာဆာထောက်ခံသူတွေ အသုံးချနေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီလိုစေခိုင်းအသုံးချနေကြသူတွေဟာ မလေးရှားအပါအဝင်ပြည်ပနိုင်ငံတချို့မှာရောက်နေကြတဲ့အာဆာအဖွဲ့ဝင်တွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်
စခန်းတွေက အာဆာအဖွဲ့ဝင်တွေဦးဆောင်လုပ်နေကြတာလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီအပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ ဘာသာရေးဆရာတွေ၊ အမျိုးသမီးတွေလည်း ပါဝင်နေကြပြီး တချို့သူတွေကတော့ အတင်းအဓမ္မစေခိုင်းခံနေကြရတာလို့ ဆိုကြပါတ ယ်။
ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဟာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းတွေမှာ လူသတ်မှုတွေ၊ပြ န်ပေးဆွဲတာတွေ၊ မူးယစ်ဆေးဝါးလုပ်တာတွေအပါအဝင် အကြမ်းဖက်မှုတွေ ကျူးလွန်ထားကြတယ်လို့ ပြည်သူတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။