Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
စီးပွားရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးလည်ပတ်နေ

(ဓာတ်ပုံ - မောင်တောမြို့နယ်ရှိ ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းကို မတ် လ ၂၆ ရက်နေ့တွေ့ရပုံ / BNA)

(ဓာတ်ပုံ - မောင်တောမြို့နယ်ရှိ ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းကို မတ် လ ၂၆ ရက်နေ့တွေ့ရပုံ / BNA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
200
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုန်မှတဆင့် အာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးပြန်လည်ပတ်နေတယ်လို့ မောင်တောမြို့နယ်မှကုန် သည်ကြီးတွေနဲ့မောင်တောဒေသခံတွေက အတည်ပြုပြောကြပါတယ်။

အဲဒီကညင်ချောင်းစီးပွားရေးဇုန်မှဆန်၊သစ်စတာတွေကို အဓိကတင်ပို့နေပြီး ဘိလပ်မြေ၊အာလူးစတဲ့ပစ္စည်းတွေကို အဓိကပြန်လည်တင်သွင်းနေကြတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး အာရက္ခကုန်သည်ကြီးများအသင်းကစီမံလုပ်ဆောင်နေကြတယ်လို့လည်း ဆိုကြပါတယ်။

အဲဒီကညင်ချောင်းစီးပွားရေးဇုန်ဆိပ် ကမ်းမှကုန်စည်စီးဆင်းမှုတွေနေ့စဥ်ပုံမှန်ရှိနေပေမယ့် လိုအပ်ချက်တွေအ များကြီးရှိနေသေးတာမို့ နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေ သေချာဆွေးနွေးသဘောတူညီမှုတွေလိုအပ်နေသေးတယ်လို့ အာရက္ခကုန်သည်တွေက ဆိုကြပါတယ်။

“ခုကနားလည်မှုအဆင့်နဲ့အပြန်အလှန်ကုန်သွယ်နေကြတာပါ။နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့သေချာလုပ်နိုင်ရင်ပိုအဆင်ပြေပါမယ်။နောက်ပြီးဒေသထွက်ကုန်များများထွက်အောင်လုပ်ပြီး
များများတင်ပို့နိုင်ရင်ပိုအဆင်ပြေပါမယ်။ခုကအဆင်ပြေသလိုရသလောက်လုပ်နေကြတာပါ။”
လို့ မောင်တောမြို့မှ ကုန်သည်တဦး Border News Agency ကိုပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလကတည်းက ဘင်္ဂလားဒေ့ရှ်သို့တင်ပို့နေတဲ့ကုန်သွယ်ရေးတွေရပ်တန့်သွားခဲ့ပေမယ့် ၂၀၂၅ ခုနှစ်၊နှစ်စကတည်းက ပြန်လည်ကုန်သွယ်နေကြတာဖြစ်တယ်လို့ကုန်သည်ကြီးတွေနဲ့မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးစခန်းတွေရှိတဲ့မောင်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့နှစ်၊ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

အဲဒီနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခ-ဘင်္ဂလာနယ်စပ်ကို ပြန်လည်စတင်လုပ်ဆောင်နေကြတာဖြစ်ပြီး အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ယောက်ခမ၊ ဦးစံကျော်လှဥက္ကဠတာဝန်ယူထားတဲ့ဗဟိုအာရက္ခကုန်သည်ကြီးများအသင်ကကုန်သွယ်ရေးကိစ္စတွေကို စီမံလုပ်ဆောင်နေတာလို့ ကုန်သည်ကြီးတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့အာရက္ခ-ဘင်္ဂလာနယ်စပ်အပြင် အာရက္ခ-အိန္ဒိယနယ်စပ်မှလည်း ကုန်သွယ်ရေးတွေ ပြုလုပ်နေကြသလို အာရက္ခနယ် ခြားဒေသတွေကလည်း ကုန်သွယ်ရေး
တွေကို အဆင်ပြေသလိုပြုလုပ်နေကြပြီလို့ ကုန်သည်ကြီးတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေရှိနေသေးတာမို့ လမ်းပန်းဆက်သွယ်ရေး၊အခွန်ကိစ္စတွေအပါအဝင် စိန်ခေါ်မှုတွေအများကြီးရှိနေသေးသလို လမ်း၊တံတား၊အခြေခံလိုအပ်ချက်တွေလည်း အများကြီးရှိနေသေးတယ်လို့ ကုန်သည်ကြီးတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရမှာနယ်စပ်ကုန်သွယ်ရေးအပါအဝင်စီးပွားရေးဆိုင်ရာဥပဒေတွေ၊မူဝါဒတွေ၊အခွန်မူဝါဒ၊တိတိကျကျရေးဆွဲထုတ်ပြန်ထားဖို့လိုအပ်သလို ကုန်သည်တွေ၊ အာရက္ခပြည်သူတွေကို တန်တူအခွင့်အရေးပေးသင့်ပြီး စီးပွားရေးလက်ဝါကြီးအုပ်မှုတွေမဖြစ်ဖို့ လိုအပ်တယ်လို့ ကုန်သည်ကြီးတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ကုန်သည်တွေရော့၊ပြည်သူတွေပါဘာတွေလုပ်ရမလဲသေချာသိထားရင်ပိုကောင်းပါတယ်။နီးစပ်ရာ၊ခင်မင်ရာလုပ်ခွင့်ပေးထားတာထက်အကုန်လုံးကိုတန်းတူအခွင့်အရေးပေးသင့်ပါတယ်။ဘယ်ကုန်ပစ္စည်းကိုအခွန်ဘယ်လောက်ဆောင်ရမှာကအစပါ။အဓိကစီးပွားရေးလက်ဝါးကြီးမအုပ်ဖို့လိုပါတယ်။” လို့ အာရက္ခကုန်သည်ကြီးတဦးက Border News Agency ကို ပြောပါတ ယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့နေ ရာတွေမှာ အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး၊မြေယာ၊အခွန်၊လူဝင်မှု၊ရဲလုပ်ငန်း၊မီးသတ်၊စာနယ်ဇင်းစတာတွေအပါအဝင် အစိုးရဖွဲ့စည်းပုံလိုအပ်ချက်တွေကို ဖော်ဆောင်နေတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အဖွဲ့ဝင်တွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် သုံးမြို့နယ်သာကျန်နေပြီး ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေသလို စစ်တွေမြို့နယ်မှာလည်း နှစ်ဘက်စစ်ရေးတင်းမာနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီမောင်တောနယ်စပ်ကုန်သွယ်ရေးအပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့အစိုးရရဲ့အကောက်ခွန်နဲ့အခွန်ဌာနက သွင်းကုန်ပစ္စည်းတွေတန်ဖိုးရဲ့သုံးရာခိုင်နှုန်းကိုအခွန်ကောက်ယူနေတယ်လို့ အာရက္ခကုန်သည်တွေနဲ့အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးကို ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းအပြင် တခြားအနည်းဆုံးငါးနေရာကလည်း နားလည်မှုတွေနဲ့ကုန်သွယ်နေကြသလို ကျွဲ၊နွား၊ဆိတ်အပါအဝင် ဂဏန်း၊ငါး၊တခြားထွက်ကုန်တချို့ကိုတင်ပို့နေကြပြီး စားသောက်ကုန်၊လူသုံးကုန်၊ဆေးဝါးတွေကို တင်သွင်းနေကြတယ်လို့ အာရက္ခကုန်သည်တွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousမြေပုံမြို့နယ်မှ ကုန်စျေးနှုန်းတချို့
Nextပုဏ္ဏားကျွန်းမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးNext
Previous Post

မြေပုံမြို့နယ်မှ ကုန်စျေးနှုန်းတချို့

Next Post

ပုဏ္ဏားကျွန်းမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

August 18, 2025

အာရက္ခအစိုးရ စားကျက်မြေစာရင်းကောက်ယူနေ

August 18, 2025
ဓာတ်ပုံ - K.N.D.O

စစ်ကော်မရှင်တပ်ရဲ့လယ်မူလာမြို့နယ်တမိုင်းတောင်စခန်းကုန်းကို KNLA သိမ်းပိုက်

August 18, 2025

“တချို့ရေနက်ကွင်းနေရာတွေမှာတော့ ခုထိရေမကျတာတွေရှိနေသေးတယ်လို့ပြောပါတယ်။”

August 18, 2025

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

အာရက္ခအစိုးရ စားကျက်မြေစာရင်းကောက်ယူနေ

စစ်ကော်မရှင်တပ်ရဲ့လယ်မူလာမြို့နယ်တမိုင်းတောင်စခန်းကုန်းကို KNLA သိမ်းပိုက်

“တချို့ရေနက်ကွင်းနေရာတွေမှာတော့ ခုထိရေမကျတာတွေရှိနေသေးတယ်လို့ပြောပါတယ်။”

အာရက္ခတပ်တော်ကို ထိုးစစ်ဆင်ဖို့ စစ်ကော်မရှင်ရေတပ်အင်အားဖြည့်ထား

မော်ချီးမှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင်နှစ်ဆယ့်နှစ်ဦးသေဆုံး

Releated Post

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

August 18, 2025

အာရက္ခအစိုးရ စားကျက်မြေစာရင်းကောက်ယူနေ

August 18, 2025
ဓာတ်ပုံ - K.N.D.O

စစ်ကော်မရှင်တပ်ရဲ့လယ်မူလာမြို့နယ်တမိုင်းတောင်စခန်းကုန်းကို KNLA သိမ်းပိုက်

August 18, 2025

“တချို့ရေနက်ကွင်းနေရာတွေမှာတော့ ခုထိရေမကျတာတွေရှိနေသေးတယ်လို့ပြောပါတယ်။”

August 18, 2025
(ဓာတ်ပုံ - စစ်ကော်မရှင်ရေတပ်စစ်ရေးလေ့ကျင့်မှု / စစ်ကော်မရှင်ရေတပ်)

အာရက္ခတပ်တော်ကို ထိုးစစ်ဆင်ဖို့ စစ်ကော်မရှင်ရေတပ်အင်အားဖြည့်ထား

August 18, 2025

မော်ချီးမှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင်နှစ်ဆယ့်နှစ်ဦးသေဆုံး

August 17, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page