ငလျင်ဒဏ်ကြုံပြည်သူတွေကို ထောက်ပံ့ကူညီမယ်လို့ ညီနောင်မဟာမိတိသုံးဖွဲ့ထုတ်ပြန်

By

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။

အဲဒီငလျင်ဒဏ်ကိုကြုံတွေ့ခံစားခဲ့ကြရတဲ့ပြည်သူတွေကို အာရက္ခတပ်တော်ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့က ထောက်ပံ့ကူညီပေးသွားမယ်လို့ မတ်လ ၂၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။

အဲဒီလိုငလျင်ကြောင့် ကလေးသူငယ်တွေ၊အမျိုးသမီးတွေ၊ရဟန်းသံဃာတော်တွေအပါအဝင်လူပေါင်များစွာသေဆုံးဒဏ်ရာရခဲ့ကြသလိုအဆောက်အအုံတွေလည်း အများအပြားရှိပျက် စီးသွားခဲ့ပါတယ်။

အဲဒါကြောင့် မန္တလေးတိုင်း ၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီ ရဲ့အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားပါတယ်။

အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့ မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် ဒေသခြောက်ခုကို အရေးပေါ် အခြေအနေကြေညာထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here