ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်လို့ ရဟန်းတပါးနဲ့အရပ်သားတဦးသေဆုံး

By

ကျောက်ဖြူ၊ မတ် ၃၁။

စစ်ရေးတင်းမာနေတဲ့ ကျောက်ဖြူမြို့နယ်၊ဇင်ချောင်းကုန်ဘွေကျေးရွာကို မတ်လ ၃၁ ရက်၊ဒီနေ့ မနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ရဲ့ နေဗီက ရွယ်ရည်ချက်ရှိရှိ လက်နက်ကြီးပစ်
ခတ်လို့ ရဟန်းတပါးနဲ့အရပ်သားတဦးသေဆုံးကာ ကိုရင်တပါးအပါအဝင် နောက်ထပ်အရပ်သားခုနှစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီ ဇင်ချောင်းကုန်းဘွေကျေးရွာက သက်တော်သုံးဆယ်နှစ်နှစ်အရွယ် အရှင်အာဒိစ္စ၊အသက်သုံးဆယ်အရွယ်ဦးဘဂျမ်းတို့သေဆုံးသွားခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။

အဲဒီအပြင် သက်တော်ခုနှစ်ဆယ်လေးနှစ်အရွယ်အရှင်ဇနိတ၊အသက်ဆယ့်နှစ်နှစ်အရွယ် ကိုရင်ရှင်ဓမ္မာနန္ဒ၊အသက်လေးဆယ်ငါးနှစ်အရွယ် ဦးမောင်ထွန်းမြ၊အသက်ငါးဆယ်အရွယ် ဒေါ်သန်းသန်းအေးတို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ကြတယ််လို့ ရွာသားတွေကဆိုကြပါတယ်။

နောက်ပြီးအုန်းတောကျေးရွာက စစ်ဘေးရှောင်လာတဲ့ အသက်သုံးတယ်တစ်နှစ်အရွယ်ဒေါ် ဖြိုးဖြိုးဝင်း၊ ကင်းပင်လယ်နားရွာသစ်ကစစ်ဘေးရှောင်လာတဲ့အသက် ငါးဆယ်ငါးနှစ်အရွယ် ဒေါ်သိန်းဟန်နုနဲ့ ဆင်တက်မော်ရွာသစ်ရွာက စစ်ဘေးရှောင်လာတဲ့ အသက်ဆယ့်ခြောက်နှစ်အရွယ် မခင်မြအေးတို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီ ကျောက်ဖြူမြို့နယ်၊မင်းရပ်တိုက်နယ်၊ဝါးနက်ချွိန်ကျေးရွာနားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ နေဗီက ဇင်ချောင်းကုန်ဘွေကျေးရွာကို ရွယ်ရည်ချက်ရှိရှိ လက်နက်ကြီး သုံးလုံးဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီ လက်နက်ကြီးကြောင့် ဇင်ချောင်းကုန်ဘွေ​ကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံလည်း ပျက်စီးသွားခဲ့သလို ဒဏ်ရာရသူတွေဟာ ဒဏ်ရာပြင်းထန်တာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ဓညဝတီရေတပ်ဌာနချုပ်ရှိပြီး ရေတပ်စစ်သင်္ဘောတွေဖြည့်တင်းထားကာ ကျောက်ဖြူမြို့နယ်ရှိ ပင်လယ်ပြင်တွေမှာ စစ်ရေးလှုပ်ရှားတာတွေရှိနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီလတတိယအပတ်ကစလို့ အာရက္ခတပ်တော်(AA)နဲ့စစ်ကောင်စီတို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

အဲဒါကြောင့် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊နေဗီတွေ၊တိုက်လေယာဥ်တွေ၊ဒရုန်းတွေနဲ့ အာရက္ခပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် အာရက္ခဒေသက မြို့နယ်ဆယ့်လေးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခ-မကွေးနယ်ခြား၊အာရက္ခ-ပဲခူးနယ်ခြား၊အာရက္ခ-ဧရာဝတီနယ်ခြားကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် စစ်ကောင်စီဖက် ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here