နေပြည်တော်၊ ဧပြီ ၂။
ငလျင်လှုပ်ခတ်ပြီးနောက် နေပြည်တော်မှာအုပ်စုလိုက်ဓားမြတိုက်လုယက်မှုတွေမကြခဏဖြစ်နေပေမယ့် စစ်ကောင်စီတပ်ကတားဆီးလုံခြုံရေးပေးတာ တွေ မပြုလုပ်ပေးနိုင်ဘူးလို့နေပြည်တော်မှပြည်သူတွေက ဆိုကြပါတယ်။
အဲဒီနေပြည်တော်၊ ဝဏ္ဏသိဒ္ဒိရပ်ကွက်၊ ဧက ၄၀၀၀ မှာ ဧပြီလ ၂ ရက်၊ဒီနေ့ည၁၀ နာရီ ၂၀ မိနစ်က အုပ်စုလိုက်ဓားမြတိုက်လုယက်မှုဖြစ်ပွာခဲ့တယ်လို့ ဆိုကြပါတယ်။
“ငလျင်ကြောင့် ကွင်းပြင်တွေမှာအဆင်ပြေသလိုနေကြသူတွေကို အုပ်စုလိုက်ဓားမြတိုက်လုယက်ကြတာပါ။ စစ်တပ်ကိုအကြောင်းကြားလုံခြုံရေးတောင်းပေမယ့် ရဲတောင်မလာပါဘူး။ ဝန်ထမ်းတွေကတော့ အစိုးရကိုယုံကြည်မှုမဲ့လာကြပါပြီ။” လို့နေပြည်တော်မှစစ်ကောင်စီဝန်ထမ်းတဦးက Border News Agency ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ဒေသခြောက်ခုမှာလူတွေသေဆုံးဒဏ်ရာရခဲ့ကြသလိုနေအိမ်တွေ၊ အဆောက်အအုံတွေလည်း ပျက်စီးသွားခဲ့ပါတယ်။
အဲဒီငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိနေရာအများစု ပြိုပျက်သွားခဲ့သလို ဒေသခံပြည်သူတွေ၊ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာတွေ၊ဌာနဆိုင်ရာအဆောက်အ အုံတွေလည်း ပျက်စီးသွားခဲ့ပါတယ်။
အဲဒီနောက် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေနေထိုင်ရုံးစိုက်ရာ နေပြည်တော်မှာ အုပ်စုလိုက်ဓားမြတိုက်လုယက်မှုတွေ ဆိုးဝါးနေတာလို့ ဌာနဆိုင်ရာဝန်ထမ်းတွေက ဆိုကြပါတယ်။
အဲဒီနေပြည်တော်မှာ ဧပြီလ ၃၀ ရက်နေ့ကလည်း ဝန်ထမ်းအိပ်ရာ၊ သဇင် ၆ အပျိုဆောင်ကို အုပ်စုလိုက်ဓားပြတိုက်သွားကြတာမို့ ရွှေတွေ၊ငွေသားတွေပါသွားကြတယ်လို့ စစ်ကောင်စီဝန်ထမ်းတွေက ဆိုကြပါတယ်။
အဲဒီအပြင်ဧက ၂၀၀၀၊ ဗလသိဒ္ဒိရပ်ကွက်၊တိုက် ၂၀၀၀၀ ကျော်မှာ အုပ်စုလိုက်ဓားမြတိုက်လုယက်မှုတွေဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီဝန်ထမ်းတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေနေထိုင်ရုံးစိုက်ရာ နေပြည်တော်ဟာ ဘေးကင်းလုံခြုံမှုကင်းမဲ့ပြီး မင်းမဲ့စရိုက်ဆန်အုပ်စုလိုက်ဓားမြတိုက်လုယက်မှုတွေ ဆိုးဝါးနေတာလို့ ဌာနဆိုင်ရာဝန်ထမ်းတွေက ဆိုကြပါတယ်။
“လူကြီးတွေက ကူညီထောက်ပံ့မှုတွေဘာမှပေးကြပါဘူး။အဲဒါထက်ဆိုးတာကဘေးကင်းလုံခြုံမှုမပေးနိုင်တာပါ။ဘာလုံခြုံရေးမှမပေးနိုင်ကြပါဘူး။ကိုယ်စိတ်နှစ်ပါး စိုးရိမ်ကြောက်လန့်နေရပါတယ်။” လို့ နေပြည်တော်မှစစ်ကောင်စီဝန်ထမ်းတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့ မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးရှိ သမိုင်း ဝင်ရှေးဟောင်းအဆောက်အအုံတွေလည်း ပြိုကျပျက်စီးသွားခဲ့ကြတာဖြစ်ပါတယ်။
အဲဒါကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်အရှေ့မြောက်ပိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားပါတယ်။