ဂွမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရ

ဓာတ်ပုံ-မြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့

By

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်မှာ ဧပြီလ ၃ ရက်၊နေ့လည် ၁၂ နာရီအချိန်ခန့်က မြေမြုပ်မိုင်းနင်းမိလို့ဒေသခံအမျိုးသားတဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီဂွမြို့နယ်၊ကျိန္တလီတိုက်နယ်မှအသက်သုံးဆယ်အရွယ် ဦးထွန်းလင်းအောင်မှာညာဖက်ခြေထောက်ပြတ်ထွက်သွားတာမို့ အရေးပေါ်ဆေးကုမှုခံယူနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သူဟာ ဧပြီလ ၃ ရက်၊နေ့လည် ၁၂ နာရီအချိန်ခန့်မှာ တောင်ကိုသွားရာမှာ မြေမြုပ်မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီဂွမြို့နယ်၊ကျိန္တလီတိုက်နယ်၊ဆားချက်ကျေးရွာမှာ မတ်လ ၃၁ ရက်၊နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မြေမြုပ်မိုင်းနင်းမိလို့ အသက်လေးဆယ်ခုနှစ်နှစ်အရွယ် ဦးဇော်ဝင်းအောင်မှာ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားခဲ့ပါတယ်။

အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေမကြာခဏ ဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့လည်း ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့ နယ်တွေမှာ မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်တွေကြောင့် သေဆုံး၊ဒဏ်ရာရသူတွေရှိနေတာမို့ အာရက္ခတပ်တော်အနေနဲ့လည်း နေအိမ်တွေ၊လမ်းတွေမှာ အသေအချာမိုင်းရှင်းလင်းပေးဖို့ လိုအ ပ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြသေးတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here