တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

(ဓာတ်ပုံ – စစ်ကောင်စီတပ်အသုံးပြုနေတဲ့တိုက်လေယာဥ် / စစ်ကောင်စီ)

By

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်ကို ဧပြီလ ၄ ရက်နေ့၊ မနက် ၁ နာရီအချိန်ခန့်က စစ်ကော င်စီတပ်လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အသက်မပြည့်သေးတဲ့ကလေးတဦးအ ပါအဝင်သုံးဦး ဒဏ်ရာရသွားတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီတောင်ကုတ်မြို့နယ်၊ စလူကျေးရွာက အသက်ဆယ့်လေးနှစ်အရွယ်မောင်စိုးနိုင်၊ အသက်သုံးဆယ်ခြောက်နှစ်အ ရွယ်ဒေါ်ကြူကြူ၊ အသက်လေးဆယ်အရွယ်ဒေါ်ပနေ ဒဏ်ရာရသွားခဲ့ကြတယ်လို့ စလူကျေးရွာသားတွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဧပြီလ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလဖြစ်တယ်လို့ ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်ထားပေမယ့် အာရက္ခဒေသကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီလ ၄ ရက်၊ မနေ့က တိုက်လေယာဥ်နဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်လို့ စလူရွာအတွင်းနဲ့ဘုန်းကြီးကျောင်းအနီးမှာ ကျရောက်ပေါက်ကွဲတာမို့ အနီးအနားမှာရှိနေတဲ့ ရွာသားသုံးဦးဒဏ်ရာရသွားခဲ့သလို ခရစ်ယာန်ဘုရားကျောင်းနဲ့လူနေအိမ် သုံးဆောင်ပျက်စီးသွားတယ်လို့ ရွာ သားတွေက ဆိုကြပါတယ်။

အဲဒီတောင်ကုတ်မြို့နယ်ကို အာရက္ခရက္ခတပ်တော်(AA)က ပြီးခဲ့တဲ့နှစ် ဒီဇင် ဘာလ ၁၄ ရက်နေ့က အပြီးသတ်သိမ်း ပိုက်ထိန်ချုပ်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေ ၊နေဗီတွေ၊တိုက်လေယာဥ်တွေ၊ဒရုန်းတွေနဲ့အာရက္ခပြည်သူတွေကို ရည်ရွယ်
ချက်ရှိရှိပစ်ခတ်သတ်ဖြတ်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအ ဝင်အာရက္ခဒေသက မြို့နယ်ဆယ့်လေးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်း ချုပ်ထားပြီဖြစ်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေ၊ ကျောက်ဖြူမြို့နယ်တွေမှာလည်း စစ်ရေးတင်းမှာမှုတွေရှိနေပြီး စစ်ကော င်စီတပ်ဟာ အာရက္ခတပ်တော်ထိန်းချု ပ်နယ်မြေတွေကို လေကြောင်းတိုက်ခို က်မှုတွေ မကြာခဏပြုလုပ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here