မြောက်ဦးမှာ စစ်ကျန်ဗုံးပေါက်ကွဲလို့ အရပ်သားနှစ်ဦးဒဏ်ရာရ

Photo – AA

By

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမှာ ဧပြီလ ၅ ရက်၊ဒီနေ့ နေ့လည်က စစ်ကျန်ဗုံးပေါက်ကွဲလို့ အရပ် သားနှစ်ဦးဒဏ်ရာရသွားတယ်လို့ မြောက်ဦးဒေသခံတွေက ဆိုကြပါတယ်။

အဲဒီမြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်က အသက်သုံးဆယ်သုံးနှစ်အရွယ်ဦးစိုးချေ၊ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်ကိုထွန်းလင်းချေ ဒဏ်ရာရသွားတာလို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီဗုံးသီးပေါက်ကွဲမှုကြောင့် သူတို့နှစ်ဦးမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရသွားတာမို့ အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဆိုကြပါတယ်။

သူတို့တွေဟာ ဒီနေ့နေ့လည် ၃ နာရီခွဲအချိန်ခန့်က ဘုန်းကြီးကျောင်းရှိကန်အနီးမှာထိုင်နေပြီး ကျောက်ရာဇ်ကေရပ်ကွက်က မောင်စောဌေးဟာ အဲဒီစစ်ကျန်ဗုံးသီးကို သူတို့နှစ်ဦးဆီလွင့်ပစ်လိုက်တာကြောင့် ပေါက်ကွဲပြီး ခုလိုဒ ဏ်ရာရသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့ နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ် ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ် တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရ သလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မိုင်းအသိပညာပေးမှုတွေကို မကြာခဏပြုလုပ်နေသလို မြေမြင်တွေမှာလည်း မြေမြုပ်မိုင်းအန္တရာယ်အတွ က်ဟောပြောပွဲတွေကို ပြည်သူလူထုတကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိ ပညာတာတွေ၊မိုင်းအန္တရာယ်ဆိုင်ရာသ တိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်းအသိပညာပေးတာတွေကိုပိုမိုဆောင်ရွက်ပေးဖို့လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here