Border News Agency
ကျောက်တော်၊ဧပြီ ၁၃။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့ကို ဧပြီလ ၁၃ ရက်၊ဒီနေ့ မနက် ၉ နာရီကျော်အချိန်ခန့်က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးအပါအဝင် အရပ်သားသုံးဦးဒဏ်ရာရသွားတယ်လို့ ကျောက်တော်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်တော်မြို့၊ရွာမရပ်ကွက်က ဦးလှအေးမောင်ရဲ့သမီးအသက်ဆယ်နှစ်အရွယ်မချစ်နှင်းဝေ၊ဦးခင်မောင်လှရဲ့ သမီးအသက်နှစ်ဆယ့်နှစ်နှစ်အရွယ်ဦးသန်းမေ၊အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ်မကြည်ကြည်ဝင်း ဒဏ်ရာရသွားတယ်လို့ ကျောက်တော်ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့မနက်က ကျောက်တော်မြို့၊ပြည်တော်သာရပ်ကွက်ကိုရွယ်ရည်ချက်ရှိရှိ ပေါင်ငါးရာဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် အရပ်သားတွေဒဏ်ရာရသွားခဲ့ကြသလို နေအိမ်အများအပြားလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဧပြီလ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလဖြစ်တယ်လို့ ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်ထားပေမယ့် အာရက္ခဒေသကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
စစ်ကောင်စီတပ်ဟာအရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊နေဗီတွေ၊တိုက်လေယာဥ်တွေ၊ဒရုန်းတွေနဲ့အာရက္ခပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်အာရက္ခဒေသက မြို့နယ်ဆယ့်လေးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေ၊ကျောက်ဖြူမြို့နယ်တွေမှာလည်း စစ်ရေးတင်းမှာမှုတွေရှိနေပြီး စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေပါတယ် ။
Photo-AA
