အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့မင်းပြားမြို့နယ်မှာ ဧပြီလ ၂၁ ရက်၊ ဒီနေ့မြေယာအငြင်းပွားမှုရုပ်သံတခုပြန့်နေပါတယ်။
အဲဒီမင်းပြားမြို့နယ်၊ နဂရာအုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာမှာဖြစ်ကြတာဖော်ပြထားပေမယ့် ဘယ်နေ့၊ဘယ်အချိန်ကဖြစ်ကြတယ်ဆိုတာကို အတိအကျဖော်ပြမထားပါဘူး။
အဲဒီမြေယာအမှုဟာ ကိုးနှစ်၊ ဆယ်နှစ်တိုင်တိုင်လုပ်စားလာတဲ့အိမ်အနောက်ဘက်ကျွန်းကို တရပ်ကွက်တည်းအတူနေ မနာလိုသူလူတချို့တိုင်ကြားတာမို့ အာရက္ခတပ်တော်(AA) ပြည်ထဲရေးကလာရောက်သိမ်းယူနေတာလို့ဆိုပါတယ်။
အဲဒီနယ်မြေတာဝန်ခံ(နယ်မြေမှူး) ငစိုင်းရိုင်းချောင်းဇာတိကိုညီပုနဲ့ ကျွန်းပိုင်ရှင်တွေ အငြင်းပွားနေကြတာလို့ ဆိုပါတယ်။