အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၂၅ ရက်၊ဒိီနေ့မနက်က စစ်ကျန်ဗုံးပေါက်ကွဲလို့ အရပ်သားတဦးသေဆုံးသွားတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
တောင်ကုတ်မြို့နယ်၊ စေတီကွင်းကျေးရွာက အသက်လေးဆယ်ငါးနှစ်အရွယ် ဦးမောင်သိန်းမှာ ဦးဂေါင်းပွင့်ထွက်သွားသလို၊ညာဖက်ခြေထောက်ပြတ်ထွက်သွားတာကြောင့်သေဆုံးသွားခဲ့တာလို့ ရွာသားတွေက ဆိုကြပါတယ်။
ဦးမောင်သိန်းဟာ ဧပြီလ ၂၅၊ မနက် ၈ နာရီ ၄၅ အချိန်ခန့်က သူရဲ့သားနဲ့အတူ အရင်ကစစ်ကောင်စီတပ်ယာယီစခန်းချနေထိုင်ခဲ့တဲ့အောင်ဆိပ်တဲစုကျေးရွာအနားက လယ်ဂျိုင်တောင်မှာတောရှင်းရာမှာ ကျောက်ကြားမှာညှပ်နေတဲ့ဗုံးကို ဆွဲနှုတ်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ် သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်းမကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါ အဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံ တွေ့နေကြရတယ်လို့လည်း တောင်ကုညတ်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရသေးတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝ င်တဆယ့်ငါးမြို့နယ်ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေဖော်ဆော င်နေပါတယ်။
အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး စစ်တွေနဲ့ကျောက်ဖြူမှာ နှစ်ဘက်စစ်ရေးတင်း မာနေကြပါတယ်။