အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာပြည်သူ့ကျန်းမာရေးသင်တန်းခေါ်နေ

By

Border News Agency
မြောက်ဦး၊ မေ ၂ ။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာပြည်သူ့ကျန်းမာရေးကြီးကြပ်သင်တန်းသားတွေ ခေါ်ယူနေပါတယ်။

အဲဒီသင်တန်းသားတွေကို ဧပြီလ ၂၅ ရ က်နေ့ကစတင်ခေါ်ယူနေတာဖြစ်ပြီး မေ လ ၁၅ ရက်နေ့၊ နောက်ဆုံးထားလျှောက်ထားရမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ သင်တန်းကို မိမိစာရိတ်နဲ့ရှစ်လကြာတက်ရောက်ကြရမှာဖြစ်ပြီး ပြည်သူတွေကျ န်းမာရေးစောင့်ရှောက်မှုအတွက်လို့ ဆိုပါတယ်။

အဲဒီသင်တန်းကို အသက်သုံးဆယ်နှစ်အောက်၊အနိမ့်ဆုံးအထက်တန်း (တက္ကသိုလ်ဝင်တန်း) အောင်မြင်ပြီးသူဖြစ်ရမှာဖြစ်ပေမယ့် ဝေးလံခက်ခဲဒေသကသူတွေဆိုရင် အထက်တန်းပညာသင်ကြားဖူးရင် တက်ရောက်ခွင့်ပြုထားပါတယ်။

အဲဒီလိုတက်ရောက်ခွင့်ရသူတွေဟာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ အဖြစ် အနည်းဆုံးငါးနှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်သလို ဘယ်နေရာဒေသမဆိုသွားရောက်တာဝန်ထမ်းဆောင်ရမယ်လို့သတ်မှတ်ထားပါတယ်။

အဲဒီသင်တန်းလျှောက်မယ့်သူတွေဟာနိုင်ငံသားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊ ဓာတ်ပုံ၊ ပညာအရည်အချင်းဆိုင်ရာအထောက်အထားတွေ၊ ပြစ်မှုကင်းရှင်းအကျင့်စာရိတ္တကောင်းမွန်တယ်ဆိုတဲ့ရပ်/ကျေးအုပ်ချုပ်ရေးမှူးထောက်ခံစာပါဝင်ရပါမယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယ န္တရားတွေ ဖော်ဆောင်နေပါတယ်။

အဲဒီအထဲမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနလည်းပါဝင်ပြီး အရင်ကျန်းမာရေးဝန်ထမ်းအထူးကုဆရာဝန်ကြီးတွေ၊ ဆေးရုံအုပ်ကြီးတွေအပါအဝင် ကျန်း မာရေးဝန်ထမ်းတွေပါဝင်ဆောင်ရွက်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here