ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

By

Border News Agency
ပုဏ္ဏားကျွန်း၊ မေ ၁၂။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာအနီးရှိ ရထားဘူတာစစ်ဘေးရှောင်စခန်းနဲ့စိုက်ပျိုးရေးခြံ စစ်ဘေးရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါအပြင် အသည်းရောင်အသားဝါရောဂါတွေဖြစ်ပွားနေကြတာမို့ ကျန်းမာရေးစောင့်ရှောက်မှု တွေ လိုအပ်နေကြတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ကျွန်မတို့မှာ ဆေးခန်းပြဖို့ ငွေကြေးလည်း မတတ်နိုင်ပါဘူး။ နေမကောင်းဖြစ်နေတဲ့ ကလေးတွေကိုဓာတ်ဆားရ ည်တွေတိုက်ချင်တယ်။ ဒါပေမယ့် ပိုက်ဆံမရှိလို့ နှစ်ထောင်ဘဲကျတဲ့ ဓာတ် ဆားတထုပ်ကို ဝယ်မတိုက်နိုင်တဲ့အ ခြေအနေပါ။ တတ်နိုင်ရင် ဆေးဝါးကူညီထောက်ပံမူတွေရချင်ပါတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးဖြစ်တဲ့ ဒေါ်စံအေးယဥ်က Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသမှာ နှစ်စဥ်မိုးရေချိန်လက် မတရာကျော်ခန့်ထိ ရွာသွန်းပေမယ့် နှစ်စဥ်ရေပြတ်လပ်မှုတွေနဲ့ကြုံတွေ့နေကြရပြီး ခုနှစ်မှာပိုမိုဆိုးဝါးနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုရေရှားပါးလာတာကြောင့် မသန့်ရှင်းတဲ့ရေတွေကို နေ့စဥ်သောက်သုံးနေရတာတွေ၊မသန့်ရှင်းတဲ့အစားအစာတွေကို စားနေရကြတာမို့ စစ်ဘေးရှောင်စခ န်းတွေမှာ ဝမ်းပျက်၊ဝမ်းလျှောရောဂါတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီရောဂါတွေဟာ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်ကနေစတင်ဖြစ်ပွားနေကြတာဖြစ်ပြီး လက်ရှိအချိန်ထိဖြစ်ပွားသူတိုးပွားလာနေတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေက ဆိုကြပါတ ယ်။

“ရောဂါဖြစ်သူတွေက တိုးလာနေတယ်။ နေကလည်း အရင်ကထက်ပိုပူလာတ ယ်။သောက်ရတဲ့ရေကလည်းမသန့်တဲ့အပြင် ရေရှားတော့ ဝဝလင်လင်မသော က်ရဘူးလေ။အရင်ကတယောက်ပဲဖြစ်တာ။ ဒီလအတွင်းမှာပဲ ပိုပြီးထပ်တိုးလာတာပါ။” လို့ ရထားဘူတာ စစ်ဘေးရှောင်စခန်းတာဝန်ခံဦးမောင်နီသာက Border News Agency ကို ပြောပါတယ်။

အဲဒီဂဏန်းတောင်ကျေးရွာအနီးရှိရ ထားလမ်းဘူတာ စစ်ဘေးရှောင်စခန်းနဲ့ စိုက်ပျိုးရေးခြံစစ်ဘေးရှောင်စခန်းမှာ ဝမ်းပျက်၊ဝမ်းလျောရောဂါဖြစ်ပွားသူ အမျိုးသားသုံးဦး၊အမျိုးသမီးသုံး၊စုစု ပေါင်းရှစ်ဦးထိရှိနေတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေက ဆိုကြပါတယ်။

အဲဒီအပြင်အသည်းရောင်အသားဝါရောဂါဖြစ်ပွားသူ ကလေးငယ်တွေ၊ ဆယ်ကျော်သက်အရွယ်တွေ၊ သက်ကြီးရွယ်အိုတွေလည်းပါဝင်ပြီး စုစုပေါင်း ဆယ်ဦးထိ ရောဂါဝေဒနာကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။

အဲဒီရောဂါတွေ စတင်ဖြစ်ပွားကတည်းက ဘယ်အဖွဲ့အစည်းကမှ ဆေးဝါးကူညီထောက်ပံ့တာတွေမရှိသေးတဲ့အတွ က် စစ်ဘေးရှောင်တွေဟာ ငွေကြေးအ ခက်အခဲတွေကြောင့် သဘာဝဆေးမြစ်တွေဖြစ်တဲ့ သဝင်ခေါက်၊ ဆန်ဆေးရေ၊ထိကရုန်းပင်ရဲ့အမြစ်တွေ၊တခြား သစ်ဥ၊သစ်မြစ်တွေကိုလည်း ဆေးဝါးအဖြစ် အသုံးပြုနေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီဝမ်းပျက်ဝမ်းလျောရောဂါနဲ့ အ ည်း​ရာင်အသားဝါရောဂါဝေဒနာခံစားနေရတဲ့စစ်ဘေးရှောင်တွေဟာငွေကြေး မတက်နိုင်တာမို့ ဆေးကုသမှုတွေမရှိသေးတာကြောင့် ကျန်းမာရေးအခြေ အနေပိုဆိုးလာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုကြပါတယ်။

အဲဒီရထားလမ်းဘူတာ စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်အိမ်ထောင်စု ၂၇၀ ၊ အမျိုးသား ၆၃၇ဦး၊ အမျိုးသမီး ၇၂၅ ဦးရှိပြီး စုစုပေါင်းလူဦးရေ ၁၃၆၂ ဦးရှိပါတယ်။

အဲဒီအပြင်စိုက်ပျိုးရေးခြံစစ်ဘေးရှော င်စခန်းမှာ စစ်ဘေးရှောင်အိမ်ထောင်စု ၂၅၀ ၊ အမျိုးသား၅၂၉ဦး၊အမျိုးသမီး ၆၂၁ဦး၊စုစုပေါင်းလူဦးရေ ၁၁၅၀ ဦးရှိတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ အလုပ်အ ကိုင်ရှားပါးမူတွေနဲ့ကြုံနေကြရပြီး စားနပ်ရိက္ခာအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတာမို့ နိုင်ငံတကာအကူအ ညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here