Border News Agency
မောင်တော၊ မတ် ၁၃။
မောင်တောမြို့နယ်မှာ မတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မြေမြုပ်မိုင်းနင်းမိလို့ မူဆလင်အမျိုးသားတဦး ဒဏ်ရာရသွားပြီး ဆေးကုဖို့သွားတဲ့လမ်းမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ မင်္ဂလာကြီးကျေးရွာမှ ဇုရ်အာလောမ်ရဲ့သားအသက်သုံးဆယ်နှစ်နှစ်အရွယ်မာမတ်မှာ ခြေထောက်တဖက်ပြတ်ထွက်သွားသလို ခန္ခာကိုယ်အနှံ့မိုင်းထိမှန်သေဆုံးသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
သူဟာ ညနေ ၅ နာရီအချိန်ခန့်က နယ်စပ်ခြံစည်းရိုးအနီးရှိပုဇွန်ကန်သို့ နွားရှာဖို့သွားရာမှာ မြေမြုပ်မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ရေနောက်ငါးသားကျေးရွာမှ အသက်ငါးဆယ်အရွ ယ်ဦးအောင်ထွေးဟာလည်း မေလ ၁၀ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားသလို ညာဖက်ခြေထောက်လည်း မိုင်းစထိမှန်ဒဏ်ရာရသွားတာမို့ ဆေးကုသမှုခံယူနေရတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
သူဟာ မေ ၁၀ ရက်နေ့က တမန်းသားကျေးရွာအနီးရှိ အနောက်တောင်သို့ မျှ စ်ခူးသွားချိန်မှာ မြေမြုပ်မိုင်းနင်းမိခဲ့တာလို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီအပြင်မောင်တောမြို့နယ်၊ သီဟိုအေးကျေးရွာသားနှစ်ဦးဟာ မေလ ၃ ရက်နေ့က ကျေးရွာအနီးရှိတောင်မှာ ဟင်းရှာသွားရင်း မြေမြုပ်မိုင်းနင်းမိလို
ပြင်းထန်ဒဏ်ရာရသွားကြပါတယ်။
အဲဒီအထဲကအသက်ဆယ့်သုံးနှစ်အရွ ယ်မောင်ပါးစွာမှာ ဘယ်ဖက်ခြေထွက်ပြတ်ထွက်သွားခဲ့သလို အသက်နှစ်ဆယ့်နှစ်အရွယ်မောင်ထွန်းစိန်မှာလည်း ညာဖက်ခြေထောက်ခြေခုံကနေပြတ်ထွက်သွားခဲ့တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီမြေမြုပ်မိုင်းနင်းမိသူသုံးဦးဟာ လူနည်းစုတွေဖြစ်ကြပြီး တောတောင်တွေကို မှီခိုလုပ်ကိုင်စားသောင်နေကြရသူတွေမို့ ဆေးဝါးကုသဖို့ ငွေကြေးအကူ အညီတွေ လိုအပ်နေကြတာလို့ ကူညီဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ် ဆောင်နေပေမယ့် အရပ်သားပြည်သူတွေ မြေမြုပ်မိုင်းအန္တရာယ်တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုမကြာ ခဏကြုံတွေ့နေကြရသလို မသေဆုံးဒဏ်ရာရတာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါ အဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံ တွေ့နေကြရတယ်လို့ မောင်တောဒေသ ခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိ မ်နေကြရတာမို့ အာရက္ခတပ်တော်အပါ အဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူ ညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာမြေမြုပ်မိုင်းနင်းမိသူတွေအပါအဝင် လက်နက်ကိုင်ပဋိပက္ခကြောင့် မသန်စွမ်းဖြစ်သွားကြသူတွေအတွက် အထောက်အကူပြုပစ္စည်းတွေအပါအဝင် အကူအညီတွေလိုအပ်နေကြတယ်လို့ မသန်စွမ်းအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။