ကျောက်တော်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေပြီး သုံးဦးဒဏ်ရာရ

By

Border News Agency
ကျောက်တော်၊ မေ ၁၅။

ကျောက်တော်မြို့၊ ရွာမရပ်ကွက်၊ ရွှေကျောင်းဘုန်းကြီးကျောင်းအနောက်လမ်းကို မေလ ၁၄ ရက်၊ မနေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ အရပ်သားသုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။

အဲဒီကျောက်တော်မြို့၊ ရွာမရပ်ကွက်က အသက်ခြောက်ဆယ်လေးနှစ်အရွယ်ဒေါ်ဝင်းရီ၊ ပိုက်သည်ရပ်ရပ်ကွက်က အသက်ခြောက်ဆယ်အရွယ် ဒေါ်ယှဥ်စိန်သေဆုံးသွားခဲ့ပါတယ်။

အဲဒီအပြင် ရွာမရပ်ကွက်ကို စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှစစ်ဘေးရှောင်လာသူ အသက်ဆယ့်ရှစ်နှစ်အ ရွယ်မစန်းစန်းဝင်း သေဆုံးသွားခဲ့ပါတယ်။

အဲဒိီအပြင်ပိုက်သည်ရပ်ကွက်မှ ရွာမရပ်ကွက်ကိုအလုပ်လာလုပ်နေတဲ့ အသက်ဆယ့်ရှစ်နှစ်အရွယ်မသန်းစုလှိုင်၊အသက်ခုနှစ်ကျော်အရွယ် ဦးဦးကြာစိန်၊သူ့ဇနီးဖြစ်သူ အသက်ခုနှစ်နှစ်အရွယ် ဒေါ်မဲမ ဒဏ်ရာရသွားခဲ့ကြပါတယ်။

“သေတဲ့သူသုံးယောက်က နေရာတွင်းပွဲချင်းပြီးသေသွားတာပေါ့နော်။ဒဏ်ရာရသူတွေကတော့ ဒဏ်ရာမပြင်းဘူးလို့သိရတယ်။သေသွားတဲ့ စစ်ရှောင်မိန်း ကလေးဆိုရင်လည်း ရွှေကျောင်းဘေးက ဓမ္မာရုံရှေ့မှာ ကွမ်းယာရောင်းနေတာ။ဖြစ်ချင်တော့ အိမ်ကိုရေလာချိုးတာကနေ ဗုံးလာကြဲတာနဲ့ ဗုံးစထိပြီးသေသွားတာ။” လို့ ကျောက်တော်မြို့၊ရွာမရပ်ကွက်မှ မြို့ခံအမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။

ဦးဦးကြာစိန်မှာ ဦးခေါင်းနဲ့ညာဘက်လက်မောင်းမှာထိခိုက်ဒဏ်ရာရှိခဲ့ပြီး မသန်းစုလှိုင်မှာ ဦးခေါင်းနဲ့ခန္ဓာကိုယ်အ နှံ့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာဒေါ်မဲမမှာ ညာဘက်လက်ချိုင်းအောက်မှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ရွာမရပ်ကွက်က ဆေးလိပ်လုပ်ငန်းလုပ်တဲ့နေအိမ်တည့်တည့်ကိုဗုံးလာကျတာမို့ ခုလိုသေဆုံး၊ဒဏ်ရာရသွားတာဖြစ်တယ်လို့ ကျော က်တော်မြို့ခံတွေက ဆိုကြပါတယ်။

အဲဒီအပြင်လူနေအိိမ်နှစ်ဆယ်ကျော် ဗုံးစထိမှန်ပြီး ပျက်စီးသွားတယ်လို့လည်းကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက် ခိုက်မှုကြောင့် သေဆုံးသွားသူတွေကိုမနေ့ညက သင်္ဂြိုလ်လိုက်ပြီဒဏ်ရာရသူတချို့ကတော့ ဆေးကုသမှုခံယူနေတယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ မေလကုန်ထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလဖြစ်တယ်လို့ ထုတ်ပြန်ထားပေမယ့် အာရက္ခဒေသကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊နေဗီတွေ၊တိုက်လေယာဥ်တွေ၊ဒရုန်းတွေ ပစ်ခတ်သတ် ဖြတ်တာတွေ နေ့စဥ်ရက်ဆက်ကျူးလွ န်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအ ဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်း ချုပ်ထားပြီဖြစ်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေ၊ကျောက်ဖြူ နှစ်မြို့နယ်မှာစစ်ရေးတင်းမှာမှုတွေရှိနေပြီး စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ် မြေတွေကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ နေ့တိုင်းတိုးလာနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here