ကျောက်တော်မြို့ကို စစ်ကောင်စီတပ်ထပ်မံလေကြောင်းတိုက်ခိုက်ခုနှစ်ဦးသေ

By

Border News Agency
ကျောက်တော်၊ မေ ၁၅။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့ကို မေလ ၁၅ ရ က်၊ ဒီနေ့ စစ်ကောင်စီတပ်ကထပ်မံလေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးသေပြီးလေးဦးဒဏ်ရာရရှိသွားပါတယ်။

အဲဒီကျောက်တော်မြို့၊ ရွာမရပ်ကွက်ကိုမေလ ၁၅ ရက်နေ့၊ နေ့လည် ၂ နာရီ ၅ မိနစ်မှာ တလုံး၊၂ နာရီ ၁၀မိနစ်မှာတလုံး နှစ်လုံးကြဲချခဲ့သလို ၂ နာရီ ၁၄ မိ နစ်မှာ အတွဲလိုက်ခြောက်လုံးပစ်ခတ်ခဲ့ပါတယ်။

အဲဒီအပြင် တခြားနေရာတချို့ကိုလည်း ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

အဲဒီနေရာဟာ မေလ ၁၄ ရက်၊ မနေ့ကဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဖြစ်ပြီး ဒီနေ့ထပ်မံကာဗုံးနှစ်လုံးကြဲချခဲ့တာဖြစ်ပါတယ်။

အဲဒီကျောက်တော်မြို့၊ရွာမရပ်ကွက်၊ရွှေကျောင်းဘုန်းကြီးကျောင်းအနောက်လမ်းကို မေလ ၁၄ ရက်၊ မနေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ အရပ်သားသုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ မေလကုန်ထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလဖြစ်တယ်လို့ ထုတ်ပြန်ထားပေမယ့် အာရက္ခဒေသကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

အဲဒီထိခိုက်ပျက်စီးမှုအခြေအနေတွေကို Border News Agency က စုံစမ်းမေးမြန်နေပြီး အသေးစိတ်ကိုဆက်လက်ဖေါ်ပြပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here