(အရပ်သားသုံးဆယ်ခုနှစ်ဦးထိထိခိုက်ဒဏ်ရာရ)
Border news Agency
ကျေက်တော်၊ မေ ၁၆။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ မေလ ၁၃ ရက်ကနေ ၁၅ ရက်၊ သုံးရက်အတွင်း အရပ် သားပြည်သူ နှစ်ဆယ်ဦးသေဆုံးပြီး သုံးဆယ်ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီရသေ့တောင်၊ကျောက်တော် နှစ်မြို့နယ်ကို စစ်ကောင်စီတပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်လို့ပြည်သူတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြပါတယ်။
အဲဒီရသေ့တောင်မြို့နယ်၊ထွန်းရဝေကျေးရွာဟောင်းကို မေလ ၁၃ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဆယ့်နှစ်ဦးသေဆုံးပြီး နှစ်ဆယ်သုံးဦးဒဏ်ရာရရှိသွားပါတယ်။
အဲဒီကျောက်တော်မြို့ကိုလည်း မေလ ၁၄ ရက်နေ့က လေကြောင်းတိုက်ခိုက်ရာမှာ အရပ်သားသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားခဲ့သလို မေလ ၁၅ ရက်နေ့ကလည်း အရပ်သား ငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ကလေကြောင်းတိုက် ခိုက်လို့ သုံးရက်အတွင်း အမျိုးသမီးဆယ့်တဦးနဲ့အမျိုးသားလေးဦးသေဆုံးသွားခဲ့သလို အမျိုးသမီးနှစ်ဆယ့်လေးဦးနဲ့အမျိုးသားတဆယ့်သုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီထဲမှာကလေးငယ်သုံးဦးသေဆုံးခဲ့ပြီး ကိုးဦးဒဏ်ရာရသွားခဲ့သလို သက်ကြီးရွယ်အို ကိုးဦးသေဆုံးဒဏ်ရာရထိ ခိုက်သွားခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာမေလကု န်ထိယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလလို့ ထုတ်ပြန်ထားပေမယ့် အာရက္ခဒေသကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ် ဆောင်နေပါတယ်။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တိုက် ခိုက်တာကြောင့် အာရက္ခပြည်သူရာနဲ့ချီသေဆုံးဒဏ်ရာရရှိခဲ့သလို နေအိမ်တွေ၊စာသင်ကျောင်းတွေ၊ဘာသာရေးဆိုင် ရာအဆောက်အအုံတွေ၊ ဆေးရုံ၊ ဆေးပေးခန်းတွေ၊ ရှေးဟောင်းအမွေအနှစ်တွေ၊ ရှေးဟောင်းဘုရားပုထိုးတွေလ ည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
အာရက္ခတပ်တော်အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ဖျက်စီးတာတွေ ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီစစ်ကောင်စီတပ်ဟာ ပြည်သူလူထုရဲ့လူနေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်းကန်၊ တန်ဆောင်း၊ သာသနိကအဆောက်အအုံတွေအပြင် အရင်အစိုးရလက်ထက် အသုံးပြုခဲ့ကြတဲ့ဌာနဆိုင်အဆောက်အအုံတွေကိုလည်းလက်နက်ကြီးပစ်ခတ်တာတွေ၊လေ ကြောင်းတိုက်ခိုက်တာတွေ၊ရေတပ်စစ် သင်္ဘောကြီးတွေက ပစ်ခတ်တာတွေ ပြုလုပ်နေတုန်းပဲလို့ အာရက္ခတပ်တော်ကထုတ်ပြန်ထားပါတယ်။
အာရက္ခဒေသကအရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူး လွန်နေတဲ့လုပ်ရပ်တွေကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးပို့သွားမယ်လို့ အာရက္ခတပ်တော်(AA) မေလ ၁၅ ရက်၊ မနေ့ကထုတ်ပြန်ထားပါတယ်။