Border News Agency
မြောက်ဦး၊ မေ ၁၆။
မြောက်ဦးမြို့နယ်မှာ မေလ ၁၅ ရက်၊ မနေ့က မြေမြုပ်မိုင်းနင်းမိလို့ အရပ် သားတဦးခြေထောက်တဖက်ပြတ်သွားတယ်လို့ မြောက်ဦးမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီမြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာသစ်က အသက်ငါးဆယ်အ ရွယ် မာမူဂျော်လီမှာ ဘယ်ဖက်ခြေ ထောက်ခြေသလုံးအောက်ကနေပြတ်ထွက်သွားသလို နောက်တဖက်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
သူဟာ တခြားသူတွေနဲ့အတူ မေလ ၁၅ ရက်နေ့ မနက် ၁၀ နာရီအချိန်ခွဲခန့်ကစစ်ကောင်စီတပ်ရဲ့အမှတ် ၃၇၈ ခြေမြန်တပ်ရင်းအနီးရှိ တောင်သို့သွားရာမှာ စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနင်းမိလို့ ခုလိုဒဏ်ရာရသွားခဲ့တာဖြစ်တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
မာမူဂျော်လီဟာ ဒဏ်ရာပြင်းထန်တာမို့အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာ ခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါ အဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေကြရသလို ဘေးကင်းလုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံ တွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိ မ်နေကြရတာမို့ အာရက္ခတပ်တော်အပါ အဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူ ညီမိုင်းရှင်းပေးကြစေချင်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာမြေမြုပ်မိုင်းနင်းမိသူတွေအပါအဝင် လက်နက်ကိုင်ပဋိပက္ခကြောင့် မသန်စွမ်းဖြစ်သွားကြသူတွေအတွက် အထောက်အကူပြုပစ္စည်းတွေအပါအဝင် အကူအညီတွေလိုအပ်နေကြတယ်လို့ မသန်စွမ်းအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။