Border News Agency
မင်းပြား၊ မေ ၁၇ ။
မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်သုံ့ပန်းမိသား စုဝင်၂၂၅ ဦးကို မေ ၁၆ ရက်၊ မနေ့ကအာရက္ခတပ်တော်မှပြန်လွှတ်ပေးလိုက်ပါတယ်။
အဲဒီအထဲမှာ ကလေးသူငယ်တရာ့သုံးဆယ်ဦး၊ အမျိုးသမီးကိုးဆယ်ငါးဦးပါဝင်ပါတယ်။
မင်းပြားမြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးထိ န်းသိမ်းထားတဲ့စစ်သုံ့ပန်းမိသားစုဝင်တရာ့ခုနှစ်ဆယ်ကို ပြီးခဲ့တဲ့ဧပြီလ ၁၃ ရ က်နေ့ကလည်း အာရက္ခတပ်တော်က ပြန်လွှတ်ပေးလိုက်ပါတယ်။
မင်းပြားမြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်သုံ့ပန်းမိသားစုဝင်တွေကို ပြန်လွှတ်ပေးနေတာဟာဒုတိယအကြိမ်ဖြစ်ပြီးသုံးရာကိုးဆယ်ငါးဦးရှိပြီဖြစ်ပါတယ်။
အဲဒီမင်းပြားမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က အာရက္ခတပ်တော်မှအပြီးသတ်တိုက်ခိုက်သိ မ်းပိုက်ထားတာဖြစ်ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာအာရက္ခတက်တော်ဟာ မင်းပြားမြို့အပါအဝင်အာရက္ခဒေသမှတဆယ့်လေးမြို့ကို အ ပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
အဲဒီမြို့သိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊မိသားစုဝင်တွေအပါအ ဝင်လူဦးတသောင်းကျော်ထိ အာရက္ခတပ်တော်ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုကြပါတယ်။