အာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံစလုံးက ထိန်းသိမ်းထားတဲ့စက်တပ်လှေတွေကို အပြန်အလှန်ပြန်ပေး

By

Border News Agency
မောင်တော၊ မေ ၁၈။

အာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံစလုံးက ထိန်းသိမ်းထားတဲ့ စက်တပ်လှေတွေကို နှစ်ဘက်စလုံးက အပြန်အလှန်ပြန်ပေးလိုက်ကြပြီဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်ဆိပ်ကမ်းမှာထိန်းသိမ်းထားတဲ့ မောင်တောမြို့ကကုန်တင်စက်တက်လှေရှစ်စီးကို မေလ ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဖက်က ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲဒီစက်တပ်လှေတွေဟာ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းမှဘင်္ဂလားဒေ့ရှ်နိုင်ငံတက္ကနာဖ်ဆိပ်ကမ်းသို့ဧပြီလ ၁၄ ရက်နေ့ကဆိုက် ရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီအထဲမှာမောင်တောမြို့မှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နေတဲ့သစ်တင်စက်တပ်လှေတွေအပါအဝင်ကုန်တင်ဖို့သွားတဲ့စက်တပ်လှေတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက တလကြာထိန်းသိမ်းထားတာဖြစ်ပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိန်းသိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံက၊ စက်တပ်ငါးဖမ်းလှေတွေကို အာရက္ခကမ်းခြေစောင့်တပ်က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကို ပြန်လွှဲပေးလိုက်တာဖြစ်ပါတယ်။

အဲဒီအာရက္ခရေပိုင်နက်၊ နတ်မြစ်အတွင်းတရားမဝင်၊ ဝင်ရောက်ငါးဖမ်းခဲ့ကြတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖမ်းလှေရှစ်စီးကို မေလ ၁၅ ရက်နေ့က ပြန်ပေးလို က်သလို မေလ ၁၆ ရက်နေ့မှာလည်း နောက်ထပ်ရှစ်စီးကို ပြန်လွှဲပေးလိုက်တာဖြစ်ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကြားတရားဝင်ဆက်ဆံရေးတွေမရှိကြသေးပေမယ့် နှစ်နိုင်ငံအစိုးကြား နားလည်မှုအရအပြန် အလှန်ဆက်သွယ်ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလ၈ ရက်နေ့က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး နယ်စပ်ဒေသတည်ငြိမ်ရေးအပါအဝင် နတ်မြစ်အတွင်းကင်းလှည့်စောင့်ကြည့်တာတွေ ဆောင်ရွက်နေပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာအာရက္ခတပ်တော်ဟာ ကီလိုမီတာနှစ်ရာကျော်ရှည်တဲ့ အာရက္ခ-ဘင်္ဂလာနယ်စပ်အပါအဝင် အာရက္ခ-အိန္ဒိယနယ်စပ်ကိုလည်းအပြီးသတ်သိမ်းထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here