​ဘူးသီးတောင်မြို့နယ်က စစ်သုံးပန့်မိသားစုဝင်သုံးရာကျော်ကို အာရက္ခတပ်တော်ပြန်လွတ်ပေး

(ဓာတ်ပုံ – မင်းပြားမြို့နယ်က စစ်သုံးပန့်မိသားစုဝင်တွေကို မေလ ၁၆ ရက်နေ့က ပြန်လွှတ်ပေးနေပုံ / APM)

By

Border News Agency
ဘူးသီးတောင်၊ မေ ၁၉ ။

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားတဲ့ဘူးသီးတောင်မြို့နယ်က စစ်သုံးပန်းမိသားစုဝင်သုံးရာကျော်ကို မေလ ၁၈ ရက်နေ့က အာရက္ခတပ်တော်ပြန်လွတ်ပေးလိုက်တယ်ပါတယ်။

အဲဒီလိုပြန်လွှတ်ပေးလိုက်သူတွေထဲမှာ ခမီ၊ မြို၊ သက် စတဲ့လူမျိုးတွေအိမ်ထောင်စု ၂၆ စု၊ လူဦးရေ ၆၉ ဦးပါဝင်သလို ရခိုင်လူမျိုး အိမ်ထောင်စု ၈၁ စု၊လူဦးရေ ၂၄၅ ဦးပါဝင်ပြီး စုစုပေါင်းလူဦးရေး ၃၁၄ ဦးဖြစ်ပါတယ်။

အဲဒီစစ်သုံးပန့်မိသားစုဝင်တွေကို ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်က ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး ဘူးသီးတောင်မြို့သိမ်းတို က်ပွဲ တနှစ်ပြည့်မှာ ပြန်လွတ်ပေးလိုက်ပါတယ်။

အဲဒီစစ်သုံ့ပန့်မိသားစုဝင်တွေကို ဘူးသီးတောင်မြို့အခြေစိုက် အမှတ်၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့အမှတ် ၅၅၁ ခြေမြန်တပ်ရင်းသိမ်းတိုက်ပွဲတွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲဒီအပြင် ကျန်တဲ့စစ်သုံ့ပန့်မိသားစုဝင်တွေကိုလည်း ​လွတ်ပေးဖို့စီစဥ်နေပါတယ်။

အဲဒီဘူးသီးတောင်မြို့နယ်တခုလုံးကို ပြီးခဲ့တဲ့နှစ်မေလ ၁၈ ရက်နေ့က အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအပြင် မင်းပြားမြို့သိမ်းတိုက်ပွဲက ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန့်မိသားစုဝင် နှစ်ရာကျော်ကို ဧပြီလ ၁၆ ရက်နေ့မှာ လွတ်ပေးလိုက်သလို ဧပြီလ ၁၃ ရက်နေ့ကလည်း စစ်သုံ့ပန့်မိသားစုဝင် ၁၇၀ ဦးကို လွတ်ပေးလိုက်ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

အဲဒီမြို့သိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊မိသားစုဝင်တွေအပါအ ဝင်လူဦးတသောင်းကျော်ထိ အာရက္ခတပ်တော်ကဖမ်းဆီးထိန်းသိမ်းထားတ ယ်လို့ ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here