Border News Agency
မြောက်ဦး၊ မေ ၁၉။
အာရက္ခတပ်တော်(AA)ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ရေးဖွဲ့ထားတဲ့ “သူပုန်ဖြူ” ကဗျာစာအုပ်ရောင်းရငွေတချို့ကို တော်လှန်ရေးအတွက်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
အဲဒီကဗျာစာအုပ်ရောင်းရငွေတွေထဲကသုံးဆယ့်ငါးရာခိုင်နှုန်းကို ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရတဲ့ တော်လှန်ရဲ ဘော်တိုင်းကို အချိုးကျမျှဝေကူညီပေးသွားမယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တော်လှန်တိုက်ပွဲဝင်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရတဲ့ တော်လှန်ရဲဘော်တိုင်းကို ကူညီပေးမှာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတ်ိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားသူဟာ တနိုင်ငံလုံးမှာ တထောင့်ငါးရာနဲ့နှစ်ထောင်ကြားရှိတယ်လို့ ဆိုပါတယ်။
အဲဒီကိုယ်လက်အင်္ဂါစွန့်ရဲဘော်တိုင်းတဦးချင်းစီအတွက် ကဗျာစာအုပ်တအုပ်နဲ့အတူ ထောက်ပံ့မှုတချို့ကို သက်ဆိုင် ရာတော်လှန်ရေးအဖွဲ့အစည်းတွေကတဆင့် လေလံပွဲပြီးဆုံးချိန်ပေးအပ်သွားမ ယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လက်ကျန်ငွေတွေကိုလည်းအခြေအနေအပေါ်မူတည်ပြီး တော်လှန်ရေးနဲ့သက်ဆိုင်တဲ့နေရာတွေမှာ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်(AA)ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ဟာ ကလောင်အမည်အမျိုးမျိုးနဲ့ကဗျာအပါ အဝင်ရသစာပေတွေ၊ ဆောင်းပါးတွေလည်း ရေးဖွဲ့ထားပြီး စာဆိုစစ်သည်တော်လှန်ရေးသမားကြီးတဦးဖြစ်ပါတယ်။
Comments 1
သူပုန်ဖြူစာအုပ်ကိုဇာပိုင်ဝယ်လို့အားပီးရပါဖို့လေး