မြောက်ဦးမြို့နယ်က စစ်သုံ့ပန်းနဲ့စစ် သုံ့ပန်းမိသားစုဝင်တချို့ကို ထပ်မံလွတ်ပေး

Photo – APM

By

Border News Agency
မြောက်ဦး၊ မေ ၂၀ ။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်က စစ်သုံ့ပန်းနဲ့ စစ် သုံ့ပန်းမိသားစုဝင်တချို့ကို အာရက္ခတပ်တော်က လွတ်ပေးလိုက်ပါတယ်။

အဲဒီမြောက်ဦးမြို့သိမ်းတိုက်ပွဲမှာထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနဲ့စစ်သုံ့ပန်းမိ သားစုဝင်တွေထဲက တရာ့ရှစ်ဆယ်လေးဦးကို မေလ ၁၉ ရက်၊မနေ့က လွတ်ပေးလိုက်ပါတယ်။

အဲဒီမြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော် ဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်သုံ့ပန်းမိသားစုဝင်သုံးရာတဆယ့်လေးဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပြန်လွှတ်ပေးခဲ့ပါတယ်။

အဲဒီအပြင် အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့ဘူးသီးတောင်မြို့နယ်က စစ်သုံးပန်းမိသားစုဝင်သုံးရာကျော်ကိုလ ည်း မေလ ၁၈ ရက်နေ့က ပြန်လွတ်ပေး လိုက်တယ်ပါတယ်။

အဲဒီလိုပြန်လွှတ်ပေးလိုက်သူတွေထဲမှာ ခမီ၊မြို၊သက်စတဲ့လူမျိုးတွေ အိမ် ထောင်စုနှစ်ဆယ်ခြောက်စု၊ လူဦးရေခြောက်ဆယ်ကိုးဦးပါဝင်သလို ရခိုင်လူမျိုးအိမ်ထောင်စုရှစ်ဆယ်တစု၊ လူဦးရေနှစ်ရာလေးဆယ်ငါးဦးပါဝင်ပြီး စုစု ပေါင်းလူဦးရေးသုံးရာလေးဆယ်လေးဦးဖြစ်ပါတယ်။

အဲဒီအပြင် မင်းပြားမြို့သိမ်းတိုက်ပွဲက ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန့်မိသားစုဝင် နှစ်ရာကျော်ကို ဧပြီလ ၁၆ ရက်နေ့မှာ လွတ်ပေးလိုက်သလို ဧပြီလ ၁၃ ရက်နေ့ကလည်း စစ်သုံ့ပန့်မိသားစုဝင်တရာ့ခုနှစ်ဆယ်ဦးကို လွတ်ပေးလိုက်ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝ င်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိ မ်းပိုက်ထိန်းချုပ်ထားပါတယ်။

အဲဒီမြို့သိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊မိသားစုဝင်တွေအပါအ ဝင်လူဦးတသောင်းကျော်ထိ အာရက္ခတပ်တော်ကဖမ်းဆီးထိန်းသိမ်းထားတ ယ်လို့ ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here