Border News Agency
မောင်တော၊ မေ ၂၁။
အာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ဧပြီလ ၁၄ ရက်နေ့စတင်ပြီး မေလ ၂၁ ရက်၊ ဒီနေ့ထိ ရပ်တန့်နေပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ် ရေးဟာ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်ဆိပ်က မ်းကို နှစ်နိုင်ငံကုန်သွယ်နေခဲ့ကြတာဖြစ်ပါတယ်။
အဲဒီကညင်ချောင်းစီးပွားရေးဇုန်ဆိပ် ကမ်းမှဆန်၊သစ်စတာတွေကို အဓိကတင်ပို့နေပြီး တက္ကနာဖ်ဆိပ်ကမ်းမှဘိ လပ်မြေ၊အာလူးစတဲ့ပစ္စည်းတွေကို ပြန်လည်တင်သွင်းနေကြတာဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ဧပြီလ ၁၄ ရက်နေ့ကကညင်ချောင်းဆိပ်ကမ်းမှတက္ကနာဖ်ဆိ ပ်ကမ်းသို့ သစ်အပါအဝင်ကုန်စည်တင်ဖို့သွားတဲ့စက်တပ်လှေတွေကို ဘင်္ဂလားဒေ့ရှ်ကထိန်းသိမ်းထားခဲ့ပြီး အဲဒီနေ့ကစတင်ကာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ် ရေးရပ်တန့်နေခဲ့တာဖြစ်ပါတယ်။
အဲဒီစက်တပ်လှေရှစ်စီးကိုတော့ မေလ ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရ်ဘက်ကပြ န်လွတ်ပေးလိုက်သလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိန်းသိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေတွေကိုလည်းပြန်လွတ်ပေးလိုက်ပါတယ်။
ဒါပေမယ့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ် ရေးကတော့ ပြန်လည်တင်ပို့မစတင်နိုင်ကြသေးပါဘူး။
အဲဒါကြောင့် အခြေခံစားသောက်ကုန်အပါအဝင် ကုန်စည်တချို့စျေးတက် နေတယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
ဒါပေမယ့် မောင်တောဘက်က ကျွဲ၊နွား၊ဆိတ်အပါအဝင် တခြားထွက်ကုန်တ ချို့ကို ဘင်္ဂလာဘက်ကို ဆက်လက်တ င်ပို့နေကြသလို ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း စားသောက်ကုန်တွေ၊လူသုံးကုန်တွေကို ဆက်လက်တင်သွင်းနေကြတ ယ်လို့ အာရက္ခကုန်သည်တွေနဲ့အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အဲဒီအပြင်အာရက္ခ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကိုလည်း အိန္ဒိယနိုင်ငံဘက်မှ မေလ ၁၆ ရက်နေ့ကစတင်ပိတ်ထားတယ်လို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရခရိုင်ကောင်စီမြေအခွန်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။