အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းထား

By

Border News Agency
မြောက်ဦး၊ မေ ၂၂။

အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ် မြေအားလုံးမှာ ပြီးခဲ့တဲ့မတ်လ ၁၈ ရက်နေ့ကစတင်ပြီး အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် (NDEP)ကို ထုတ်ပြန်ထားတယ်လို့ မေ လ ၂၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။

အဲဒီအရေးပေါ်ပြဋ္ဌာန်းချက်အရ စစ်မှုထမ်းရန်အကျုံးဝင်တဲ့ အသက်တဆယ့်ရှစ်နှစ်မှအသက်နှစ်ဆယ့်ငါးနှစ်အတွင်းအမျိုးသမီးအားလုံး၊အသက်တဆယ့်ရှစ်နှစ်မှအသက်လေးဆယ့်ငါးနှစ်အတွင်းအမျိုးသားအားလုံးကို ပြင်ပသို့ထွက်ခွာခွင့်တားပြစ်ထားတယ်လို့ ဆိုပါတယ်။

အဲဒီပြဋ္ဌာန်းချက်ကို ချိုးဖောက်သူတွေကို တည်ဆဲဥပဒေအရအရေးယူမယ်လို့ဆိုပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် တဆယ့်ငါးမြို့နယ်ကို သိမ်းပိုက်ထိ န်းချုပ်ထားပြီး အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။

ဒါပေမယ့် အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရမှာ ပြည်သူလူထုသိရှိအောင်တရားဝင်ထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ဥပ ဒေတွေမရှိသေးဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကိုလည်း အာရက္ခပြည်သူတွေ သိရှိဖတ်ခွင့်မရကြသေးဘူးလို့ ဆိုကြပါတယ်။

အဲဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP) မှာ အသက်တဆယ့်ရှစ်နှစ်မှအသက်လေးဆယ့်ငါးနှစ်အတွင်း အမျိုးသားအားလုံးသာစစ်မှုထမ်းရမယ်လို့ ဆိုထားပေမယ့်အဲဒီပြဋ္ဌားချက်မတိုင်ခင်ကတည်းကအသက်တဆယ့်ရှစ်နှစ်အောင်တချို့အပါအဝင်အသက်လေးနှစ်ငါးနှစ်အထက်အမျိုးသားတွေကို စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေကBorder News Agency ကို အတည်ပြု ပြောထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here