Border News Agency
ပုဏ္ဏားကျွန်း၊ မေ ၂၆။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့အာရက္ခဒေသက စစ်ဘေးရှောင်တွေအတွက် မိုးရာသီမရောက်ခင် အမိုးအကာတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အာရက္ခဒေသမှာ နေ့စဥ်ရက်ဆက်အချိန်ကျမိုးတွေရွာသွန်းနေတာမို့ အမိုးအကာတွေမရှိတာကြောင့် စစ်ဘေးရှောင်တွေဟာ လမ်းဘေးတွေနဲ့ ကွင်းပြင်နေရာတွေမှာ တဲအိမ်ထိုးပြီးနေကြရတယ်လို့ ဘေးရှောင်တွေကဆိုကြပါတယ်။
အဲဒါကြောင့် မိုးရာသီမရောက်ခင် အမိုးအကာတွေနဲ့ မိုးလုံ၊လေလုံ နေချင်တယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်လူဦးရေ ခြောက်သိန်းကျော်အထိရှိနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) စာရင်းအရသိရပါတယ်။
အရင်က ရခိုင်ကစစ်ဘေးရှောင်တွေကို ICRC ကနေ အမိုးအကာတွေ ထောက်ပံ့ပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကနေစပြီး အခုချိန်ထိ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမူဆိုင်ရာ ကူညီထောက်ပံ့တာတွေမရတော့တာမို့ အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။










