Border News Agency
ကျောက်တော်၊ မေ ၂၉။
အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ် မြေတွေမှာ သွင်းအားစုစာရိတ်တွေဈေးမြှင့်တက်နေတာမို့ငွေကြေးအဆင်မပြေကြတဲ့တောင်သူလယ်သမားတွေဟာ ဆက်လက်ရပ်တည်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။
အဲဒီလိုသွင်းအားစုစာရိတ်တွေဈေးမြှင့်တက်နေတာသလို ငွေကြေးအဆင်မပြေကြတာမို့ တောင်သူလယ်သမားတွေဟာ လယ်ယာစိုက်ပျိုးရေးဆက်လ က်လုပ်ကိုင်သူတွေ လျော့နည်းလာတ ယ်လို့လည်း တောင်သူလယ်သမားတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စက်သုံးဆီပရီမီယံတပေပါကို ဆယ့်ခုနှစ်သိန်းကျပ်၊ဒီဇယ်ဆီတပေပါကိုဆယ့်ခြောက်သိန်းကျပ်ထိ ဈေးမြှင့်တက်နေပြီလို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။
အဲဒီအပြင် ဓာတ်မြေသြဇာတအိတ်ကိုကျပ်ငါးသိန်းကျော်ထိ စျေးတက်နေသ လို ထွန်ယက်စာရိတ်၊လုပ်သားအင်အား စုစာရိတ်တွေပါ ဈေးတက်နေတယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။
အဲဒါကြောင့် တောင်သူလယ်သမားတွေဟာ လယ်ယာစိုက်ပျိုးရေးဆက်လက်လုပ်ကိုင်ဖို့ အခက်အခဲတွေကြုံတွေနေကြတာမို့ လယ်ယာစိုက်ပျိုးသူတွေလျော့နည်းလာတယ်လို့ တောင်သူလယ် သမားတွေက ဆိုကြပါတယ်။
“ဒီနှစ်က လယ်လုပ်မယ့်သူတွေတောင် နည်းလာတယ်။အရင်းအနှီးတွေအများကြီးထည့်ပြီး စိုက်ပျိုးခဲ့ပေမယ့်တနှစ်မှအရင်းပြန်မရဘူး။ဒါကြောင့်မလို့လယ်မလုပ်တော့တဲ့သူတွေများလာတာ။အခု လည်းမိုးကျပြီ။ သွင်းအားစုစာရိတ်တွေအရမ်းဈေးတက်နေတယ်။လယ်လုပ်ဖို့အရင်းအနှီးတွေမရှိကြဘူး။အကူအညီတွေလိုအပ်နေပါတယ်။” လို့ ကျောက်တော်မြို့နယ်မှ တောင်သူလယ်သမားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီလိုအရင်းအနှီးအခက်အခဲတွေကြောင့် တောင်သူလယ်သမားတွေဟာ မိသားစုစားသောက်ရေးအတွက် တပိုင်တနိုင်သာ စိုက်ပျိုးကြတော့တယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။
အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်က ရေကြီးပြီး စပါးအထွက်နှုန်းလျော့နည်းခဲ့သ လို စပါးဈေးတွေလည်း လျော့နည်းခဲ့တာမို့ တောင်သူလယ်သမားတွေ အရှုံးတွေနဲ့ရင်ဆိုင်ခဲလကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲတာတွေကြောင့် လိုအပ်တာတွေဝယ်ယူမရရှိကြသလို စပါးဝယ်ယူသူတွေလည်း နည်းပါးကြတာမို့ အရင်း အနှီးတွေလို အပ်နေကြတယ်လို့ တော င်သူလယ်သမားတွေက ဆိုကြပါတယ်။
“တောင်သူတွေက တနှစ်ထက်တနှစ် ပိုခက်ခဲလာကြတယ်။တနှစ်ထက်တနှစ် လယ်လုပ်ပြီး အရှုံးပေါ်နေတာ။ လယ်လုပ်စားဖို့တောင် ခက်ခဲလာနေတယ်။” လို့ ကျောက်တော်မြို့နယ်မှ နောက်ထပ်လယ်သမားတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခဒေသမှာ လယ်ယာထွန်ယက်ဖို့ စက်သုံးဆီဈေးတွေ တက်နေသလို လ ယ်ထွန်စက်တွေ ပြန်ပြုပြင်ဖို့ စက်ပစ္စ ည်းကရိယာတွေလည်း စျေးတက်နေတာမို့ တောင်သူလယ်သမားတွေဟာ ကျွဲ၊နွားတွေသာ ပြန်လည်အသုံးပြုနေရတယ်လို့ ဆိုကြပါတယ်။
အာရက္ခဒေသမှာ စပါးစိုက်ပျိိုးနိုင်တဲ့လယ်ယာမြေဧကဆယ်သိန်းကျော်ထိရှိပေမယ့် ပြီးခဲ့တဲ့နှစ်က လယ်ဧကခုနှစ်သိန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့ပြီး ဒီနှစ်မှာတော့ပိုမိုလျော့နည်းလာနိုင်တယ်လို့ တောင် သူလယ်သမားတွေက ဆိုကြပါတယ်။