Border News Agency
ကျောက်ဖြူ၊ မေ ၃၀။
အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကျောက်ဖြူမြို့သိမ်း တိုက်ပွဲမှာ မေလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်ရဲ့နည်းဗျူဟာမှူးတဦးသေဆုံးသွားခဲ့ပါတယ်။
သူဟာ ရန်ကုန်တိုင်းဒေသကြီး၊အင်းတို င်အခြေစိုက် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်ရဲ့အမှတ် ၁၁၃ နည်းဗျူဟာမှနည်းဗျူဟာမှူးအသက်လေးဆယ်ငါးနှ စ်အရွယ်ဗိုလ်မှူးချုပ်ကျော်မျိုးအောင်ဖြစ်ပါတယ်။
သူဟာ ကျောက်ဖြူမြို့ရှိ အမှတ် ၃၂ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှာလာရောက်အ ခြေပြုလှုပ်ရှားနေတာဖြစ်ပြီး မေလ ၂၇ ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အာရက္ခတပ်တော်ရဲ့လက်ဖြောင့်သေနတ်သ မားကျည်ဟာ ညာဖက်ရင်အုံကို ထိပြီးသေဆုံးသွားခဲ့တာဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက အတ ည်ပြုပြောကြပါတယ်။
အဲဒီအပြင် ကျောက်ဖြူမြို့နယ်၊မင်းတ က်တောင်တိုက်ပွဲမှာလည်း မေလ ၂၆ ရက်နေ့က ကျောက်ဖြူမြို့ရှိ အမှတ် ၃၂ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှတပ်ရေးဗိုလ် ကြီးအောင်ဖြိုးဦး(ဓာတ်ဆီ)ဟာ အာရက္ခတပ်တော်ရဲ့လက်ဖြောင့်သေနတ်သ မားကျည်ထိမှန်ပြီး ဆေးကုသနေရတ ယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပြောကြပါတယ်။
အဲဒီရန်ကုန်တိုင်းဒေသကြီး၊အင်းတိုင်အခြေစိုက်အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်ရဲ့အမှတ် ၁၁၃ နည်းဗျူဟာမှနည်းဗျူဟာမှူးအသက်လေးဆယ်ငါးနှ စ်အရွယ်ဗိုလ်မှူးချုပ်ကျော်မျိုးအောင်ကိုတော့ မေလ ၂၉ ရက်နေ့က ရန်ကုန်ရှိမင်္ဂလာဒုံစစ်သင်္ချိုင်းမှာသင်္ဂြိုဟ်လိုက်ပြီး မေလ ၃၁ ရက်နေ့၊မနက်ဖြန်မှာဆွမ်းသွတ်တရားနာမယ်လို့ မိသားစုရဲ့
နာရေးဖိတ်စာမှာဖော်ပြထားပါတယ်။
အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့်စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး ကျောက်ဖြူမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ မပြီး ပြတ်သေးတဲ့မြို့သိမ်းတိုက်ပွဲတွေကို အကန့်အသတ်နဲ့ဆင်နွဲနေတယ်လို့ မေ လ ၂၂ ရက်နေ့က အာရက္ခတပ်တော်ကထုတ်ပြန်ပါတယ်။
အဲဒါဟာ”အာရက္ခဒေသတခုလုံး အာရက္ခပြည်သူလက်ထဲသို့ ရောက်ရှိရေး” ရည်မှန်းချက်ကို အကောင်အထည်ဖော်နေတာလို့ ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ကျောက်ဖြူမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်ဒရုန်းတွေ၊လက်နက်ကြီးတွေ အသုံးပြုမတိုက်ခိုက်ဘဲ စစ်သည်တွေ၊ စစ်နည်း ဗျူဟာတွေသုံးပြီး မြေပြင်အားသာချက်ရယူကာ နယ်မြေသိမ်းပိုက်တိုက်ခိုက်နေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ကြည်းရေလေပူး ပေါင်းခုခံနေသလို လေကြောင်းပစ်ကူ၊ရေတပ်ပစ်ကူးတွေ အများဆုံးအသုံးပြုခုခံနေသလို အဆင့်မြင့်ဒရုန်းတွေလ ည်းအများအပြားအသုံးပြုခုခံနေတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ် သိ မ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။
အဲဒီအပြင်အာရက္ခ-မကွေးနယ်ခြား၊ အာရက္ခ-ပဲခူးနယ်ခြား၊ အာရက္ခ-ဧရာဝတီနယ်ခြားကို အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်ထိန်းချုပ်ထားသလို အာရက္ခ- အိန္ဒိ ယနယ်စပ်၊အာရက္ခ-ဘင်္ဂလာနယ်စပ်ကိုလည်းအပြီးသတ်ထိန်းချုပ်ထားပါတယ်။