ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်တောနယ်စပ်မှ မူးယစ်ဆေးဝါးတွေဝင်ရောက်နေ

(ဓာတ်ပုံ – ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်မြို့မှာ မေလ ၂၈ ရက်နေ့ကဖမ်းဆီးရမိခဲ့တဲ့မူးယစ်ဆေးဝါးတွေ / ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်)

By

Border News Agency
ကော့ဘဇား၊ မေ ၃၁။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အာရက္ခ-ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မူးယစ်ဆေးဝါးတွေ ဝင်ရောက်နေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက အတည်ပြုကြပြောပါတယ်။

အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရတာ ဝန်ရှိသူတွေ နယ်စပ်တလျှောက်ကို လုံ ခြုံရေးတိုးမြှင့်ပြီး မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် စစ်ဆေးဖော်ထုတ်အရေးယူတာတွေလုပ်သင့်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။

“မူးယစ်ဆေးဝါးတွေကို နေ့တိုင်းလိုလိုသယ်ယူဖြန့်နေကြပါတယ်။ အဓိက အာဆာတွေ၊ အာအက်အိုးတွေသယ်ပေးနေကြပါတယ်။ ကမ့်ထဲမှာဆိုရင် ဒီလ်မာမတ်ကဦးဆောင်လုပ်နေတာပါ။ မောင်တောကဝင်တာဖြစ်လိုအေအေကလည်းသိမှာပါပဲ။ အာဆာတွေကသတင်းလည်းရ၊ ပိုက်ဆံလည်းရနေကြပါတယ်။ ဘင်္ဂလာအစိုးရကထိထိရောက်ရောက်တားဆီးဖို့လိုအပ်နေပါတယ်။” လို့ ကုတုပါလောင်စခန်းမှဒုက္ခသည်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်၊တက္ကနာဖ်မြို့မှာ မေလ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးတာကာငွေသန်းတထောင့်နှစ်ရာတန်ဖိုးရှိ မူးယစ်ဆေးဝါးတသိန်းသုံးသောင်းကျော်နဲ့အိုက်စ်တကီလီကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ထားပါတယ်။

အဲဒီအပြင် မောင်တောမြို့နယ်ကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မူးယစ်ဆေးဝါးတွေ ပုံစံအမျိုးမျိုးနဲ့နေ့စဥ်ဝင်ရောက်နေသလို အာရက္ခ-ဘင်္ဂလာနယ်စပ်တလျှောက်ရှိနေရာပေါင်းစုံက ပုံစံအမျိုးမျိုးနဲ့မူးယစ်ဆေးဝါးတွေ ဝင်ရောက်နေတာမို့ နယ်စပ်တလျှောက်လုံးကိုပိတ်ဆို့တားဆီးသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။

အဲဒီလို မူးယစ်ဆေးဝါးတွေအတားအ ဆီးမရှိနေ့စဥ်ဝင်ရောက်နေတာမို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာလက်နက်ကိုင်သတ်ဖြတ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေအပါအဝင်အကြမ်းဖက်မှုတွေလည်းမကြာခဏဖြစ်ပွားနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်က အပြီးသတ်ထိန်းချုပ်ထားပြီးနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို နားလည်မှုနဲ့ကုန်သွယ်နေကြတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင် ငံအရှေ့ဖက်အစွန်ဆုံး၊တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်တွေကတဆင့်မြို့ပေါင်းစုံကို ဖြတ်သန်းပြီး မြန်မာနိုင်ငံအနောက်ဖက်အစွန်ဆုံး မောင်တောမြို့နယ်ထိရောက်ရှိပြန့်နှံ့နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေကို မောင်တောနယ်စပ်ကတဆင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်တင်ပို့ရောင်းချနေနေခဲ့ကြတာဖြစ်ပြီး အာရက္ခအဆုံးအဖြ တ်စစ်ပွဲပြင်းထန်းနေချိန်မှာယာယီရပ်တန့်နေခဲ့တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေကို အစိုးရအရာရှိကြီးတွေ၊ ဒေသအာဏာပိုင်တွေ၊လုံခြုံရေးဝန်ထမ်းတွေနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးကုန်သည်တွေက ခေတ်အဆက်ဆက်လုပ်စားလာကြတာဖြစ်ပြီးအဲဒီမူးယစ်ဆေးဝါးကုန်သည်တွေဟာ ခုလည်း အစိုးရအရာရှိကြီးတွေ၊ ဒေသအာဏာပိုင်တွေ၊လုံခြုံရေးဝန်ထမ်းတွေနဲ့ပူးပေါင်းပြီး သယ်ယူရောင်းချလုပ် စားနေကြတယ်လို့ အာရက္ခပြည်သူတွေက အတည်ပြုပြောကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here