“ကျွန်တော်တို့တပ်တော်မှာက မှတ်ပုံ တင်မရှိရင်လည်း ထောက်ခံစာနဲ့သွားလို့ ရပါတယ်။”

By

အင်တာဗျူး
Border News Agency
ကျောက်တော်၊ မေ ၃၁။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်အပါအဝင် အာရက္ခဒေ သက တဆယ့်လေးမြို့နယ်ကို အပြီးသ တ်တိုက်ခိုက်သိမ်းပိုက်ပြီး အာရက္ခပြ ည်သူ့တော်လှန်ရေးအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။

အဲဒီအာရက္ခပြည်သူ့တော်လှန်ရေးရဲ့အုပ်ချုပ်ရေးယန္တရားတွေမှာ မွတ်ဆလင်တွေကိုလည်း ခန့်ထားနေရာပေးထားသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ မွတ်ဆလင်ရေးရာကော်မတီလည်း ဖွဲ့စည်းဆောင်ရွက်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ် မြေကျောက်တော်မြို့နယ်မှမွတ်ဆလင်အမျိုးသားကိုကျော်နိုင်ကို Border News Agency က တွေ့ဆုံမေးမြန်းထားပါတယ်။

“ကျွန်တော်တို့က ကျောက်တော်ကပါ။ အရင်တုန်းကနဲ့အခုက အရမ်းကွာပါတယ်။ အခုက လူ့အခွင့်အရေးရသလို သွားချင်တဲ့နေရာကို သွားလို့ရပါတယ်။ လူပေါင်းစုံနေလို့ရသလိုသွားလို့ရပါတယ်။

ခံစားချက်က ဘာမှမရှိပါ။ အခုကသွားလို့ လူ့အခွင့်ရေးရသလိုရပါတယ်။ အရင်ကလို မဟုတ်တော့ပါ။ တချို့သူတွေက သွားလို့ရပြီးရင် ကျွန်တော်တို့ကသွားလို့မရဘူး။

အခုကအဲဒီလိုမျိုးမဟုတ်တော့ဘူး သွားလို့ရတဲ့နေရာကို သွားလို့ရပါတယ်။ နည်းနည်းပါးပါးအခက်အခဲတွေ့တာက တချို့နေရာမှာကမှတ်ပုံတင်တွေလိုပါတယ်။ အခုလောလောဆယ် ကျွန်တော်တို့မှာ မှတ်ပုံတင်က မရှိပါ။

နေရာတိုင်းဆိုတာက မှတ်ပုံတင်နဲ့လုပ်လို့ရတာက လုပ်လို့မရဘူး။အဲဒီလိုမျိုးဟာတွေပဲအခက်အခဲရှိတာ။ အဲဒါတခုပဲရှိတာပါ။ ကျန်တာကဘာမှအခက်အခဲမရှိပါဘူး။

ဆေးရုံတက်ခွင့်ကလည်း အရင်တုန်းက ရတုန်းကရတာလားမသိ ၂၀၂၂ ခုနှစ် အဲဒီတုန်းကမရဘူး။ မရတာက ကျောက်တော်မြို့နယ်မှာက ဆေးခန်းကအဲဒီမှာရှိပါတယ်။အဲဒီအချိန်တုန်းက သွားလို့မရဘူး။အခုကသွားလို့ရတယ်။”

“အခွင့်အရေးတွေရပါတယ်။ဆေးခန်းလည်းသွားပြလို့ရပါတယ်။ဒါပေမယ့်အဝေးကြီးတနေရာသွားရမယ်ဆို မှတ် ပုံတင်မရှိလို့ မသွားရတာလည်းရှိပါတယ်။တချို့တလေက မှတ်တင်ရှိရင် စစ်တယ်။ အဓိက လာခွင့်မပေးတာမဟုတ်ပါ။ ဥပဒေရှိတာမို့ မှတ်ပုံတင်မရှိရင် သွားလို့မရတာက အားလုံးနိုင်ငံမှာ ရှိပါတယ်။ ဒီနိုင်ငံမှ မဟုတ်ဘူး။

ဒါပေမယ့်ကျွန်တော်တို့တပ်တော်မှာက မှတ်ပုံတင်မရှိရင်လည်း ထောက်ခံစာနဲ့ သွားလို့ ရပါတယ်။ ထောက်ခံစာက တပ်တော်ကပေးတာလို့ ပြောရပါမယ်။

အခက်ခဲတွေက မှတ်ပုံတင်နဲ့သွားရတာ တခုတည်းပါပဲ။ ဥပမာ-တချို့က အဝေးကြီးသွားရမယ်ဆို မှတ်ပုံတင်မရှိရင် သွားလို့မရပါ။ ပြီးရင် အနားနားရှိတဲ့ တမြို့နဲ့တမြို့ သွားရတာက သွားလို့ရပါတယ်။အဆင်ပြေပါတယ်။

တော်တော်ကောင်းသွားပြီးအရင်လိုမဟုတ်တော့ဘူး။ အခု ပညာရေး၊ ကျန်းမာရေးနဲ့လည်း တော်တော်ဂရုစိုက်ပါတယ်။ ကျောင်းလည်း ပညာရေးလည်း တော်တော်ဂရုစိုက်ပါတယ်။

ကလေးတွေကျောက်တက်ခွင့်ရပါတယ်။ ဆယ်တန်းလည်းရပါတယ်။ ကျေးဇူးတင်ပါတယ်။”

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here