Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ကျောက်တော်မြို့နယ် စီးပွားရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

အာရက္ခဒေသမှာ ဗလာစာအုပ်တဒါဇင် ကို ကျပ်ငါးသောင်းကျော်ထိ ဈေးတက်နေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
11
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ မေ ၃၁။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဗလာစာအုပ်ဈေးတဒါဇင်ကို ကျပ်ငါးသောင်းကျော်ထိ ဈေးတက်နေတယ်လို့ စာရေးကိရိယာအရောင်းဆိုင်ပိုင်ရှင်တွေနဲ့အာရက္ခပြည်သူတွေက အတည်ပြုပြောကြပါတယ်။

Appolo ဗလာစာအုပ်အငယ်တဒါဇင်ကို လေးသောင်းကျပ်၊အကြီးတဒါဇင်ငါးသောင်းငါးထောင်ကျပ်၊Green Star အကြမ်းသုံးစာအုပ်တဒါဇင်ကို သုံးသောင်းငါးထောင်ကျပ်၊Better World အကြမ်းသုံးစာအုပ်တဒါဇင်ကို သုံးသောင်းငါးထောင်ကျပ်၊ Classmate တဒါဇင်ကို လေးသောင်းငါးထောင်ကျ ပ်၊ရွှေနိုင်ငံဗလာစာအုပ်အငယ်တဒါဇင်ကို လေးသောင်းကျပ်၊အကြီးတဒါဇင်ကို ငါးသောင်းငါးထောင်ကျပ်၊Power Win အကြီးတဒါဇင်ကို လေးသောင်းကျပ်၊New York တဒါဇင်ကို သုံးသော င်းကျပ်၊Flex Office တဒါဇင်ကို သုံးသောင်းကျပ်ထိ ဈေးတက်နေတယ်လို့ စာရေးကရိယာအရောင်းဆိုင်ပိုင်ရှင်တွေက ဆိုကြပါတယ်။

“ဗလာစာအုပ်က စာအုပ်အမျိုးအစား ကောင်းတာနဲ့မကောင်းတာ မူတည်ပြီးတော့ ဈေးကွာတယ်။ ကျွန်တော်တို့ ဝယ်တဲ့အခါ လမ်းခရီးအဆင့်ဆင့်နဲ့သယ်ယူ ရတယ်။သယ်ယူစရိတ်တွေက အရမ်းကြီးတယ်။ဒါကြောင်းရောင်းရတဲ့ဈေးက ကျပ်ငါးသောင်းကျော်ထိ ဈေးတက်နေတာပါ။” လို့ ကျောက်တော်မြို့ နယ်မှစာရေးကိရိယာအရောင်းဆိုင်ပိုင် ရှင်တဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသက ကုန်သည်တွေ၊ စာရေးကရိယာအရောင်းဆိုင်ပိုင်ရှင်တွေဟာ စာရေးကရိယာပစ္စည်းတွေကို အိမ်နီးချ င်းနိုင်ငံတွေကတဆင့် ဝယ်ယူကြရပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေအပါအဝင် ကုန်ကျစာရိတ်တွေများတာမို့ စျေးတက်သွားရတာလို့ ဆိုကြပါတယ်။

အဲဒီဗလာစာအုပ်တွေကုန်သွယ်ဝယ်ယူသယ်လာချိန်မှာ စာအုပ်တွေသယ်ယူစာရိတ်တွေကို အလေးချိန်နဲ့ပေးနေကြရပြီး စာအုပ်တပိဿာကို ကျပ်ရှစ်သော င်းထိ ကုန်ကျစာရိတ်ရှိနေတယ်လို့ စာရေးကိရိယာအရောင်းဆိုင်ပိုင်ရှင်တွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြစ်စစ်ပွဲစတင်ကတ ည်းက စစ်ကောင်စီတပ်ဟာ အာရက္ခဒေသရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကိုတားဆီးပိတ်ဆို့ထားသလို ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ကန့်သတ်ခံထားတာမို့ အာရက္ခတပ်တော်ထိ န်းချုပ်နယ်မြေတွေမှာ ကုန်စျေးနှုန်းတွေ မြှင့်တက်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေကတဆင့်ဝယ်ယူတင်သွင်းနေကြရပြီး ကျော င်းသုံးပုံနှိပ်စာအုပ်တွေလည်း စျေးတက်နေတယ်လို့ စာရေးကိရိယာအရောင်းဆိုင်ပိုင်ရှင်တွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ပုံနှိပ်စာအုပ်ဈေးက အတန်းအလိုက် ဈေးကွာတယ်။ တတန်းဆို သုံးသောင်းခွဲ။လေးတန်းဆို လေးသောင်းကျော်တ ယ်။ဆယ့်နှစ်တန်းစာအုပ်ဈေးကတသိန်းကျော်တယ်။ငါးတန်း၊ခြောက်တ န်း၊ခုနှစ်တန်းနဲ့ဆယ့်နှစ်တန်းစာအုပ်တွေဆို လုံးဝရှာမရဘူး။” လို့ ကျောက် တော်မြို့နယ်မှစာရေးကိရိယာအရောင်းဆိုင်ပိုင်ရှင်တဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်၀ဒေသအပါအဝ င် တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိ မ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

အဲဒီနယ်မြေတွေကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာမို့ စာသင်ကျောင်းတွေကို ပိတ်ထားသလို အဆင်ပြေသလို စာသင်ပေးနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုဆက်လက်ပညာသင်ကြားဖို့အတွက် စစ်ဘေးရှောင်ကလေးတွေအပါ အဝင် အခြေခံလူတန်းစားကလေးတွေမှာ ငွေကြေးအဆင်မပြေကြတာမို့ စာအုပ်တွေ၊ စာရေးကိရိယာတွေမဝယ်နိုင်ကြဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်ကလေးတွေအပါအဝင် အခြေခံလူတန်းစားကလေးတွေဟာ ပညာဆက်မသင်နိုင်ဘဲ ရပ်နားထားကြရတယ်လို့ ကျောင်း သားမိဘတွေက ပဆိုကြပါတယ်။

“ကျွန်မမှာက သားတယောက်၊သမီးတယောက်ရှိတယ်။သမီးက ခြောက်တန်းနဲ့ဆိုတော့ ရေးတတ်၊ဖတ်တတ်နိုင်ပြီမို့ ကျောင်းနားထားရတယ်။သားက အတ န်းငယ်သေးတော့ဆက်ထားရတယ်။စာ အုပ်စာရိတ်တွေလည်း ဈေးကြီးတော့ သမီးကို ကျောင်းထားချင်လည်း ကျော င်းထုတ်ထားရတယ်။အိမ်မှာက လက် လုပ်လက်စားတွေဆိုတော့ အခုစာအုပ်ဈေးနဲ့လိုက်မမိီဘူး။ဒီကာလမှာက အား လုံးသိကြတဲ့အတိုင်း စားရေးသောက်ရေးတောင်အနိုင်နိုင်ဖြေရှင်းနေရတာလေ။နောက်နှစ်တွေမှ အခြေအနေတွေကောင်းလာရင် ကျောင်းဆက်ထားမှာပေါ့” လို့ ကျောက်တော်မြို့နယ်မှကျော င်းသားမိဘတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်ကိုသာ တိုက်ခိုက်သိမ်းပိုက်ရန်ကျန်နေပြီး ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို အကန့်အသတ်နဲ့ဖော်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာအာရက္ခအမျိုးသားပညာရေးဌာနကို ဖွဲ့စည်းထားပြီး အာရက္ခပြည်သူတွေအ တွက် ပညာရေးဝန်ဆောင်မှုတွေ စတင်ဖော်ဆောင်နေပေမယ့် ကျောင်းသုံးစာအုပ်တွေ၊ဗလာစာအုပ်တွေအပါအဝင်စာရေးကိရိယာတွေ၊ကျောင်းဝတ်စုံတွေမပံ့ပို့နိုင်သေးဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPrevious“ကျွန်တော်တို့တပ်တော်မှာက မှတ်ပုံ တင်မရှိရင်လည်း ထောက်ခံစာနဲ့သွားလို့ ရပါတယ်။”
Nextအာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးကို နားလည်မှုနဲ့ပြန်လည်စတင်နေNext
Previous Post

“ကျွန်တော်တို့တပ်တော်မှာက မှတ်ပုံ တင်မရှိရင်လည်း ထောက်ခံစာနဲ့သွားလို့ ရပါတယ်။”

Next Post

အာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးကို နားလည်မှုနဲ့ပြန်လည်စတင်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

August 18, 2025

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

August 18, 2025

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

Releated Post

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

August 18, 2025

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

August 18, 2025

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

August 18, 2025

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

August 18, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page