အာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးကို နားလည်မှုနဲ့ပြန်လည်စတင်နေ

By

Border News Agency
မောင်တော၊ မေ ၃၁။

အာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဟာ မေလ ၂၉ ရက်နေ့ကစတင်ပြီး ပြန်လည်စတင်နေပြီလို့ အာရက္ခကုန်သည်ကြီးတွေက အတည်ပြုပြောကြပါတယ်။

အဲဒီနယ်စပ်ကုန်သွယ်ရေးကို မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာဆိပ်ကမ်းမှသစ်တွေကို အဓိကတင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဓာတ်မြေသြဇာတွေ၊ မြေဆီတွေကို အဓိကတင်သွင်းကြနေတာလို့ အာရက္ခကုန်သည်ကြီးတွေက ဆိုကြပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ် ရေးဟာ အာရက္ခတပ်တော်(AA)ထိန်း ချုပ်ထားတဲ့မောင်တောမြို့နယ်၊ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊တက္ကနာဖ်ဆိပ်က မ်းကို နှစ်နိုင်ငံကုန်သွယ်နေခဲ့ကြတာဖြ စ်ကို ပြီးခဲ့တဲ့ဧပြီလ ၁၄ ရက်နေ့စတင်ပြီး မေလ ၂၉ ရက်နေ့ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရပ်တန့်ထားခဲ့တာလို့ အာရက္ခကုန်သည်တွေက ဆိုကြပါတယ်။

အဲဒါကြောင့် အခြေခံစားသောက်ကုန်တွေအပါအဝင် ကုန်စည်တချို့စျေးတက်နေခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွ ယ်ရေးပြန်လည်စတင်နေရင် ကုန်စျေးနှုန်းတွေ ပြန်ကျလာနိုင်တယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့နှစ်၊ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထိန်းချု ပ်ထားပြီး အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

အဲဒီအာရက္ခပြည်သူ့တော်လှန်ရေးအ စိုးရမှာ ကုန်သွယ်ရေးနဲ့ကုန်သည်ကြီးများအသင်းကို ဖွဲ့စည်းထားပြီး အာရက္ခတပ်တော်(AA)စစ်ဦးစီးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ယောက်မခကြီးဦးစံကျော်လှက ဥက္ကဋ္ဌတာဝန်ကိုယူထားပါတယ်။

သူဦးဆောင်ပြီး အာရက္ခ-ဘင်္ဂလာနယ် စပ်၊ အာရက္ခ-အိန္ဒိယနယ်စပ်အပါအဝင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွေကို တာဝန်ယူဆောင်ရွက်နေတယ်လို့ အာရက္ခကုန်သည်ကြီးတွေက ဆိုကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျွန်းသစ်တွေအပါအဝင် သစ်တွေ၊ကျွဲ၊နွားတွေ အဓိကလိုအပ်ချက်များနေတာမို့ မောင်တောမြို့နယ်ကတဆင့် သစ်တွေ၊ကျွဲ၊နွားတွေကို တင်ပို့နေပေမယ့် ကျွဲ၊ နွားတင်ပို့တာတွေ ယာယီရပ်နိုင်နေတယ်လို့ အာရက္ခကုန်သည်ကြီးတွေက ဆိုကြပါတယ်။

အာရက္ခ-ဘင်္ဂလာနယ်စပ်၊အာရက္ခ-အိ န္ဒိယနယ်စပ်အပါအဝင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွေကို တရားဝင်လွတ် လွတ်လပ်လပ်ကုန်သွယ်ခွင့်ရပြီး ကုန်ပစ္စည်းတွေ စိတ်ကြိုက်ပို့ခွင့်ရဖို့ မျှော်လင့်နေကြတယ်လို့ အာရက္ခကုန်သည်ကြီးတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here