အာရက္ခဒေသမှာ ရေနစ်ပြီးသုံးဦးသေဆုံး

Photo – APM

By

Border News Agency
မြေပုံ၊ မေ ၃၁။

အာရက္ခဒေသမှာ ရေနစ်ပြီး ငါးနှစ်အရွယ်ကလေးတဦး၊ဆယ်ကျော်သက်အရွယ်နှစ်ဦးသုံးဦးဟာ တရက်တည်းသေဆုံးသွားတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ပေါက်တောမြို့နယ်၊ရဲရင်ကန်ကျေးရွာမှ အသက်ငါးနှစ်အရွယ်မောင်သူဟိန်းထွန်း၊ မြေပုံမြို့၊ တရုတ်တန်းရပ်ကွက်မှအသက်ဆယ့်ခုနှစ်နှစ်အရွယ်၊ ဆယ့်နှစ်တန်းကျောင်းသား မောင်သန့်ဇင်နဲ့ မောင်တေဇာဝင့်အောင် ရေနစ်သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအသက်ငါးနှစ်အရွယ်မောင်သူဟိန်းထွန်းဟာ မင်းပြားမြို့နယ်၊ ကြမ်းတိုက်ကျေးရွာက ဆွေမျိုးတွေဆီ အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။

သူဟာ အိမ်ဘေးကရေမြောင်းမှာ မေ လ ၃၀ရက်နေ့၊မနက်က ရေနစ်သေဆုံးသွားတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

“အဲဒီကလေးက ပေါက်တောနယ်က။ အမျိုးတွေဆီလာလည်တာပါ။ မိုးရွာပြီး အိမ်ဘေးကမြောင်းမှာ ရေပြည့်နေလို့ ဆင်းကစားတာ ရေနစ်သေတာ။” လို့ မြင်းပြားခံတဦးက ပြောပါတယ်။

အဲဒီအပြင် မြေပုံမြို့၊အငူကမ်းခြေမှာ မေလ ၃၀ရက်နေ့၊ညနေက ဆယ့်နှစ်တန်းကျောင်းနှစ်ဦး ရေနစ်သေဆုံးသွားတယ်လို့ မြေပုံမြို့ခံတွေက ဆိုကြပါတယ်။

“သူငယ်ချင်းတွေနဲ့ အငူကမ်းခြေမှာရေ ကစားရာက တယောက်ရေနစ်တာကို ကျန်တယောက်က ကယ်ဆယ်ရင်း နှစ်ယောက်လုံးရေနစ်သေသွားတာပါ။က လေးတွေက ငယ်ငယ်လေးရှိသေးတယ်။ ရေလည်း သိပ်မကူးတတ်ကြဘူးလို့ပြောကြတယ်။ မိုးရွာတော့ လှိုင်းတွေထန်ရေစီးသန်ပြီး ရေနစ်တာဖြစ်မယ်” လို့ မြေပုံမြို့ခံတဦးက ပြောပါတယ်။

အဲဒီရေနစ်သေဆုံးသွားသူတွေကို ဆယ် ယူရရှိခဲ့ပြီး ဒီနေ့ညနေက သင်္ဂြိုဟ်လိုက်ပြီလို့ မြို့ခံတွေက ဆိုကြပါတယ်။

အာရက္ခဒေသမှာ မြစ်၊ ချောင်း၊ အင်းအို င်တွေပေါများသလို မိုးရာသီမှာ ရေစီးရေသန်တဲ့အတွက် ကလေးတွေအပါအဝင်လူငယ်တွေဟာ မြစ်ချောင်းအင်းအို င်မှာ သတိထားသွားလာကြဖို့လိုအပ်တ ယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here