ရေကြီးရေလျှံမှု ဖြစ်နေချိန်မှာ ဘာတွေကို လိုက်နာဆောင်ရွက်ရမလဲ

By

Border News Agency
ကျောက်တော်၊ ဇွန် ၂။

မိုးရာသီမှာ မိုးရွာသွန်းမှုများတာနဲ့အတူ ရေကြီးရေလျှံမှုတွေဖြစ်တတ်ပါတယ်။

ရေကြီးရေလျှံမှုတွေဟာ အပျက်အစီးတွေကို ဖြစ်ပေါ်စေပြီး ရေမှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ၊ ပိုးမွှားတွေကတဆင့်ကူးစက်တတ်တဲ့ရောဂါအန္တရာယ်တွေအပါအဝင် အစားအစာကတဆ င့်ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ဖြစ် ပွားနိုင်တာကြောင့် မိဘပြည်သူတွေသတိထားဖို့လိုအပ်ပါတယ်။​

ရေကြီးရေလျှံမှုတွေဖြစ်ရင် တိုက်ဖွိုက်ရောဂါ၊ ကာလဝမ်းရောဂါ၊ငှက်ဖျားရော ဂါ၊အူရောင်ငန်းဖျားရောဂါစတဲ့ရောဂါတွေ ကူးစက်နိုင်မှု ပိုများလို့ အထူးသ တိပြုသင့်ပါတယ်။

ရေဝပ်တဲ့နေရာတွေမှာလည်း ခြင်တွေပေါက်ဖွားနိုင်ပြီး ခြင်ကတဆင့် ကူးစက်ရောဂါတွေလည်း ရှိနိုင်ပါတယ်။​

အဲဒီအပြင် ရေကြီးရေလျှံမှုကြောင့် စစ်လက်နက်အကြွင်းအကျန်တွေ၊မြေမြုပ်တွေပါ ရေထဲမှာ မျှောပါလာတာကြောင့် မိဘပြည်သူတွေ အထူးဆင်ခြင်သ တိထားဖို့လိုအပ်ပါတယ်။

အဲဒါကြောင့် ရေကြီးရေလျှံချိန်မှာ ဘာတွေကိုလိုက်နာဆောင်ရွက်သင့်လည်း၊ အန္တရာယ်မဖြစ်ရအောင် သတိထားရမယ့်အချက်တွေကို ပြောပြပေးသွားမှာပါ။

  • ၁။ ရေမကြီးခင်က မိမိနယ်မြေမှာရှိတဲ့ လွတ်မြောက်ရာလမ်းကြောင်း၊သတိ ပေးချက်တွေ၊ ရေကြီးနိုင်တဲ့ နေရာတွေ ကို သိရှိအောင်လုပ်ထားပြီး အရေးပေါ်ဆုံမှတ်ကို ရွေးချယ်ထားပါ။
  • ၂။ ရေကို ကလိုရင်းနဲ့ ပိုးသတ်ပြီးမှ သောက်သင့်ပါတယ်။ဒါမှမဟုတ်ရေကို ကျိုချက်ပြီးမှသောက်ပါ။စားသောက်စရာတွေနဲ့ရိက္ခာခြောက်တွေကိုကြိုတ င်ပြင်ဆင်ထားသင့်ပါတယ်။
  • ၃။ ရေကြီးနေတဲ့ ရေထဲကို ဆင်းခြင်းကို အထူးသတိထားရှောင်ရှားသင့်ပါတယ်။ရေကြီးတဲ့ရေကို အသုံးပြုပြီးတော့ ကိုယ်လက်သန့်ရှင်းရေးလုပ်တာ၊အိုးခွ က်ပန်းကန်တွေကို ဆေးကြောတာတွေကို လုံးဝမပြုလုပ်ပါနဲ့။
  • ၄။ ရေကြီးနေသည့်နေရာမှာ ရေကူးတာ၊ ကားမောင်းတာ၊ဆိုင်ကယ်မောင်းတာ၊ လမ်းလျှောက်တာတွေကို မလုပ်ပါနဲ့။ ပျက်ကျနေတဲ့ မီးကြိုးတွေရှိနိုင်တာကြောင့် ဓာတ်လိုက်နိုင်တဲ့အန္တရာယ်လ ည်း ရှိနိုင်ပါတယ်။ရေကြီးလာရင် ကားရောလူရောအလွယ်တကူမျောပါသွားနိုင်တာကြောင့် သတိထားနေသင့်ပါတ ယ်။
  • ၅။ ရေကြီးနေချိန် မျောပါလာတဲ့ မှိုင်းတွေ စစ်လက်ကျန်အကြွင်းအကျန်တွေရှိရင်လည်း ကောက်ယူဆော့ကစားတာ၊ နေရာရွေ့တာတွေကို မပြုလုပ်ပါနဲ့၊အ တတ်နိုင်ဆုံးအာဏာပိုင်တွေကို ဆက်သွယ်ပြီးအမြန်ဆုံးရှင်းလင်းဖို့ ဆက်သွ ယ်သင့်ပါတယ်။
  • ၆။ ရေကျသွားရင်လည်း ရေကြီးရေလျှံထားတဲ့ ရေနဲ့ထိတွေ့ထားတဲ့ အရာဝတ္ထုတွေကိုသေချာဆေးကြောသန့်စင်ပါ။ အစားအစာတွေအပါအဝင် ခေါင်းအုံး၊ မွေ့ယာ၊စောင်စတဲ့ ပြန်လည်သန့်စင်လို့မရနိုင်တဲ့ပစ္စည်းများကို လွှင့်ပစ်ပါ။ နံရံကြမ်းပြင် ရေဆေးချလို့ရနိုင်တဲ့ အရာမှန်သမျှ အားလုံးကို ဆပ်ပြာနဲ့ သေချာဆေးကြောပါ။
  • ၇။ တကယ်လို့ အိမ်ဟာ ရေဝပ်တဲ့ နေရာမှာရှိနေရင် ခြင်မကိုက်အောင်ကာကွ ယ်တဲ့ လိမ်းဆေးကို လိမ်းပါ။အဝတ်အ စားများအပေါ်တွင်လည်းဆေးဖြန်းထားပါ။အင်္ကျီလက်ရှည်၊ဘောင်းဘီအရှည်များ ဝတ်ဆင်ပါ။ ခြင်ထောင်အသုံးပြုပါ။
  • ၈။ မြွေအန္တရာယ် သတိထားပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here