စစ်တွေမြို့မှာ ပိတ်မိကျန်နေကြသူတွေအကူအညီတွေ လိုအပ်နေ

By

Border News Agency
စစ်တွေ၊ မေ ၃။

စစ်ကောင်စီထိန်းချုပ်ထားဆဲစစ်တွေမြို့မှာ ပိတ်မိကျန်နေကြသူတွေဟာ အလုပ်အကိုင်ရှားပါးတာ၊ပုံမှန်ဝင်ငွေမရှိကြတာမို့ အငတ်ဘေးနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ စစ်တွေမြို့မှာပိတ်မိကျန်နေကြသူတွေက ဆိုကြပါတယ်။

အဲဒီစစ်တွေမြို့သို့ ရန်ကုန်ကအခြေခံစားသောက်ကုန်တွေဝင်ရောက်နေပေမယ့် ဈေးနှုန်းတွေအဆမတန်တက်နေတာမို့ လက်လုပ်လက်စားတွေ ဝယ်ယူစားသောက်ဖို့ အဆင်မပြေနိုင်ကြဘူးလို့ ဆိုကြပါတယ်။

“စားသောက်ရေးအခက်အခဲဖြစ်နေတာ တနှစ်ကျော်ပါပြီ။အရင်ကဆို ဆန်ပြု တ်သောက်ခဲ့ရပေမယ့် အခုကလုံးဝအင တ်ဘေးဆိုက်နေတာ။ချက်ပြုတ်စားသောက်ဖို့မရှိတဲ့ထိ ခက်ခဲလာနေပါတ ယ်။အလုပ်အကိုင်တွေကလည်း လုံးဝမရှိဘူး။ ဘယ်လိုရပ်တည်ရမလဲတောင်မသိတော့ပါဘူး။ဒီကာလမှာက အကုန်ခ က်ခဲတာသိပေမယ့် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးစေချင်ပါတယ်။” လို့ စစ်တွေမြို့မှပြည်သူတဦးက ပြောပါတ ယ်။

အဲဒီစစ်တွေမြို့က ရွာကြီးတောင်၊ ရွာကြီးမြောက်၊ အုန်းတပင်၊ ဆင်ကူးလမ်း၊ လမ်းမတော်တောင်၊ကုန်တန်း၊ကသဲ၊စ က်ရုံစု၊ဓညဝတီနဲ့မင်းဂံစတဲ့ ရပ်ကွက်တွေက အခြခံလူတန်စားတွေအပါအ ဝင် မွတ်ဆလင်တွေအများစုဟာ အငတ်ဘေးနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတာလို့ ဆိုကြပါတယ်။

ပြည်နယ်စစ်ကောင်စီမှ ပြီးခဲ့တဲ့မေလ ၅ ရက်နေ့က လူတဦးကို နှစ်လစာဆန်နို့ ဆီဗူးခြောက်ဆယ်၊ငွေကျပ်နှစ်သောင်းကျစီထောက်ပံ့ခဲ့ပေမယ့် တလစာအတွ က်တောင်မဖုံလုံဘူးလို့ ဆိုကြပါတယ်။

အဲဒီအပြင် တကယ့်အငတ်ဘေးနဲ့ကြုံ တွေ့နေကြရတဲ့ အရပ်သားပြည်သူအ များစု မရရှိကြသလို ဓာတ်ပုံရိုက်ပြဖို့ဟန်ပြပေးခဲ့တာလို့ ဆိုကြပါတယ်။

“ထောက်ပံမှုတွေက မရတဲ့သူတွေများတယ်။မြို့ပေါ်နေတဲ့သူတွေလောက်ပဲရကြတာ။မြို့စွန်ရပ်ကွက်တွေမှာနေတဲ့သူတွေဆိုမရကြဘူး။စစ်တွေကို လမ်းတွေပိတ်ထားတော့ ဘယ်လိုကူညီထောက်ပံ့မှုမှမရဘူး။ တတ်နိုင်တဲ့သူတွေက ဆန်ထုတ်တွေ ကူညီကြပေမယ့်နေ့တိုင်းကြီးကအဆင်မပြေဘူးလေ။” လို့ နောက်ထပ်စစ်တွေမြို့ခံတဦးက ပြောပါတယ်။

စစ်တွေမြို့မှာ ဆန်ကြမ်းတအိတ်ကို ကျပ်တသိန်းကျော်၊ပေါ်ဆန်းမွှေးဆန်တအိတ်ကိုကျပ်နှစ်သိန်းထိ ဈေးမြင့်တ က်နေတယ်လို့ စစ်တွေမြို့မှာပိတ်မိကျ န်နေကြသူတွေက ဆိုကြပါတယ်။

အဲဒီလိုပိတ်မိကျန်နေကြသူတွေအပါအ ဝင် စစ်ဘေးရှောင်တွေဟာ တခြားနေ ရာတွေကို တိမ်းရှောင်ထွက်သွားလို့မရအောင် စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာမို့ ပိုမိုဒုက္ခရောက်နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီစစ်တွေမြို့မှရန်ကုန်သို့ လေကြောင်းကသာထွက်ပေါက်ရှိပြီး လေယာဥ်လက်မှတ်ခတွေ စျေးအဆမတန်ကြီးတာမို့ လက်လုပ်လက်စားတွေအတွက်မတတ်နိုင်ကြဘဲ စစ်တွေမြို့ထဲမှာသာအငတ်ခံနေထိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here