သံတွဲမှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိူးသားတဦးခြေထောက်ပြတ်

By

Border News Agency
သံတွဲ၊ ဇွန် ၃ ။

သံတွဲမြို့နယ်မှာ မေ ၃၁ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးခြေထောက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီသံတွဲမြို့နယ်၊ မော်ရုံကျေးရွာက အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ကိုနိုင်လင်းထွန်းမှာ ညာဖက်ခြေထောက်ပြတ်ထွက်သွားခဲ့တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။

သူဟာမေ ၃၁ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က မောင်ရွှေလေးရွာကအပြန်ကျောက္ကလပ်ရွာတောင်ကျော်လမ်းမှာ အရင်က စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ ခုလိုဒဏ်ရာရသွားတာဖြစ်တယ်လို့ ရွာသားတွေကဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်းမကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခ ဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့ ဒေသခံ​ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူ ညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာမြေမြုပ်မိုင်းနင်းမိသူတွေအပါအဝင် လက်နက်ကိုင်ပဋိပက္ခကြောင့် မသန်စွမ်းဖြစ်သွားကြသူတွေအတွက် အထောက်အကူပြုပစ္စည်းတွေအပါအဝင် အကူအညီတွေလိုအပ်နေကြတယ်လို့ မသန်စွမ်းအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here