By

Border News Agency
မောင်တော၊ ဇွန် ၆။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့‌မှာ ကြက်သွန်နီစျေးတွေတက်နေတယ်လို့ ဆိုင်သည်တွေက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့မှာ ကြက်သွန်နီတပိဿာကို မြန်မာငွေကျပ်ကိုးထောင်ရှိခဲ့ပေမယ့် ကြက်သွန်နီတပိဿာကို မြန်မာကျပ်ငွေတသောင်းခုနှစ်ထောင်ထိစျေးတက်သွားတာလို့ ဆိုင်သည်တွေက ဆိုကြပါတယ်။

“ကျွန်တော်တို့မှာ ကြက်သွန်နီလိုနေတာ က ပိဿာအများ ကြီးပါ။ဒါပေမယ့် ကျွန်တော်တို့ဆီ ရောက်လာတဲ့ ကြက် သွန်နီတွေက ပိဿာတရာ၊နှစ်ရာဆိုတော့ ဝယ်သူတွေကိုရောင်း‌ဖို့၊ရောက် လာတဲ့ကုန်ပစ္စည်းနဲ့ဘယ်လိုမှ မကိုက်ဘူးဖြစ်နေတယ်။” လို့ မောင်တောမြို့မှဆိုင်သည်တဦးက Border News Agency ပြောပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့မှာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ် ရေးရှိပေမယ့် နယ်စပ်ကုန်သွယ်ရေးကတရားဝင်ကုန်သွယ်မှုတွေမရှိသေးတာမို့ ကုန်ပစ္စည်းတွေရှားပါးပြတ်လပ်နေတာလို့ ဆိုင်သည်တွေက ဆိုကြပါတယ်။

အဲဒါကြောင့် တခြားဒေသတွေက မှာယူရောင်းချနေကြရတာမို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ပစ္စည်းရှားပါးစျေးတက်နေတာဖြစ်တယ်လို့ ဆိုင်သည်တွေက ရှင်းပြကြပါတယ်။

“လမ်းတွေပျက်နေတာကြောင့် ဘာပစ္စည်းမှမရောက်လာသေးတဲ့အတွက် ကုန်ပစ္စည်းပြတ်လပ်မူနဲ့ ကြုံနေရတယ်။” လို့ မောင်တောမြို့မှဆိုင်သည်အမျိုး သမီးတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခအဆုံးအဖြစ်စစ်ပွဲစတင်ကတည်းက စစ်ကောင်စီတပ်က အာရက္ခဒေသရှိကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့တားမြစ်ထားသလို ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားဆီးကန့်သတ်ထားပါတယ်။

အဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ကုန်ပစ္စည်းရှားပါးစျေးတက်နေပြီး အာရက္ခပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေကိုရင်ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here