ပုဏ္ဏားကျွန်းမြို့နယ်မှာ ငှက်​ဖျားရောဂါကြောင့် အမျိုးသမီးငယ်တဦး သေဆုံး

By

Border News Agency
ပုဏ္ဏားကျွန်း၊ ဇွန် ၇။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဌက်ဖျားရေဂါဖြစ်လို့ အမျိုးသမီးငယ်တဦး သေဆုံးသွားခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာက အသက်တဆယ်ကျော်အ ရွယ်အမျိုးသမီငယ်တဦးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

သူမဟာ ပြီးခဲ့တဲ့မေလ တတိယအပတ်​ကစတင်ကာငှက်ဖျားရောဂါဖြစ်နေတာဖြစ်ပြီး ရိုးရိုးဖျားနာတာထင်လို့ ဆေးခ န်းမပြခဲ့တာမို့ မေလကုန်မှာ ငှက်ဖျား ရောဂါနဲ့သေဆုံးသွားတာဖြစ်တယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

“သာမန်အဖျားပဲထင်နေခဲ့တာ။ ရွာဆေးဆိုင်က ဆေးဝယ်တိုက်တယ်။ သက်သာသွားတယ်။ ပြီးရင်းပြန်အဖျားရောက်တယ်။ ဆေးတိုက်ရင်သက်သာမယ်ထင်လို့ဆေးခန်းမပြဖြစ်ဘူး။ နောက်အသည်းအသန်ဖြစ်လာလို့ ဆေးခန်းသွားပြမှ ငှက်ဖျားက ကုမရတော့ဘူး။ ကျွမ်းနေပြီ။” လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသမှာ ငှက်ဖျားရောဂါနဲ့ရာ သီတုပ်ကွေးရောဂါတွေဖြစ်နေကြသလိုရောဂါဖြစ်သူများပြားနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခဒေသက မြို့အများစုမှာ ဇွန်လဆန်းကစတင်ပြီး ငှက်ဖျားရောဂါအပြင် ရာသီတုပ်ကွေးရောဂါလည်း ဖြစ်ပွားနေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အဲဒီငှက်ဖျားရောဂါနဲ့ရာသီတုပ်ကွေး ရောဂါဖြစ်ပွားနေသူအများစုဟာအသက်နှစ်နှစ်မှအသက်ခြောက်ဆယ် ကျော်သက်ကြီးပိုင်းတွေလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီငှက်ဖျားရောဂါဟာ ငှက်ဖျားပိုးကိုသယ်ဆောင်လာတဲ့ခြင်တွေကြောင့်ဖြစ်တတ်ပြီး အဲဒီခြင်တွေဟာ အများအားဖြင့် စိမ့်စမ်းရေနဲ့ ခြုံနွယ်တောထူထပ်တဲ့နေရာတွေ အအေးဓာတ်များတဲ့ နေ ရာတွေမှာ ပေါက်ဖွားတတ်တယ်လို့ ဆိုကြပါတယ်။

အဲဒီရောဂါတွေကို ကာကွယ်ဖို့ လုံခြုံတဲ့ ခြင်ထောင်တွေအောက်မှာ အိပ်စက်ဖို့လိုအပ်သလို ခြင်ကိုက်မခံရအောင် နေထိုင်ဖို့လည်း လိုအပ်တယ်လို့ ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ စစ်ဘေးရှောင်တွေအပါအဝင်အာရက္ခပြည်သူတွေဟာ ဆေးစိမ်ခြင်ထောင်တွေ၊ ဆေးဝါးတွေအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီတွေလိုအပ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ဟာ အာရက္ခဒေသကဆေးရုံဆေး၊ ခန်းတွေကို အဓိကပစ်မှတ်ထားပြီး လေ​ကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာမို့ ဆေးရုံဆေးခန်းတွေပုံမှန်မလည်ပတ်နိုင်သေးဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာမှာ ပြီးခဲ့တဲ့နှစ်ကလည်း ငှက်ဖျားရောဂါကြောင့် ကလေးငယ်တဦးအပါအဝင် လေးဦးထိသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here