Border News Agency
နေပြည်တော်၊ ဇွန် ၇။
အာဏာသိမ်းစစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ မြို့နယ်ပေါင်း ၂၆၇ မှာ ရွေးကောက်ပွဲကျင်း ပဖို့လျာထားတယ်လို့ ဆိုပါတယ်။
အဲဒီရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာ လနောက်ဆုံးအပတ်မှာကျင်းပမှာဖြစ်ပြီး မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)နဲ့အချိုးကျကိုယ်စားပြုစနစ်(PR) နှစ်မျိုးလုံး အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
အဲဒီရွေးကောက်ပွဲကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာအပိုင်းခွဲကျင်းပမှာဖြစ်ပြီး အပိုင်းအလိုက်ရွေးကောက်ပွဲ ကျင်းပမယ့်ရက်တွေကို သတ်မှတ်ပေးမယ်လို့ ဆိုပါတယ်။
အဲဒီရွေးကောက်ပွဲကျင်းပမယ့်ရက် ထု တ်ပြန်ချိန်မှာနယ်မြေဒေသလုံခြုံရေးပေါ်မူတည်ပြီး ရွေးကောက်ပွဲကျင်းပနိုင်တဲ့မြို့နယ်တွေမှာ ဆောင်ရွက်သွားမှာဖြစ်သလို မကျင်းပနိုင်တဲ့နယ်မြေတွေကိုလည်း ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေအတွက် မဲစနစ်နှစ်မျိုးကို အသုံးပြုမှာဖြစ်ပြီးသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊နည်းဥပဒေတွေ ပြဋ္ဌာန်းထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။
အဲဒီရွေးကောက်ပွဲမှာ မြန်မာအီလက်ထရောနစ်မဲပေးစက်နဲ့ မဲပေးရမှာ ဖြစ်ပြီး မိုက်ထရိုကွန်ထရိုလာစနစ်ဖြစ်တဲ့အတွ က် အလွန်ရိုးရှင်းလုံခြုံစိတ်ချရတယ်လို့လည်း ဆိုပါတယ်။
အဲဒီအပြင် ပြောင်းလဲကျင့်သုံးမယ့် ရွေး ကောက်ပွဲစနစ်နဲ့ ကိုက်ညီတဲ့ သက်ဆိုင် ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းထုတ်ပြန်ဖို့ ဆောင်ရွက်နေပြီး ရွေးကောက်ပွဲကျင်း ပမယ့်မဲဆန္ဒနယ်တွေအလိုက် သတ်မှ တ်လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်နိုင်မယ်လို့လည်း ဆိုပါတယ်။
အာရက္ခဒေသမှာတော့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်ကိုသာ အာဏာသိမ်းစစ်တပ်ကထိန်းချုပ်ထားပြီး ကျောက်ဖြူမြို့ကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ထိုးစစ်ဆင်တို က်ခိုက်နေပါတယ်။
ဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင့်ဦးဆောင်ပါတီအပါအဝင် ပါတီတချို့ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ရွေး ကောက်ပွဲကော်မရှင်းမှာမှတ်ပုံတင်ထားပါတယ်။