Border News Agency
ကျောက်တော်၊ ဇွန် ၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေက ခိုးထွက်ဖို့ကြိုးစားသူလူငယ်သုံးဆယ်ကျော်ကို ဖမ်းဆီးပြီးစစ်မှုထမ်းခိုင်းလိုက်တယ်လို့ မိသားစုဝင်တွေက အတည်ပြုကြပါတယ်။
အဲဒီလူငယ်တွေဟာ ပြီးခဲ့တဲ့မေလကအမ်းမြို့နယ်မှတဆင့်စစ်ကောင်စီထိန်းချု ပ်ရာသို့ခိုးထွက်ဖို့ကြိုးစားနေကြတာကိုအာရက္ခတပ်တော်က ဖမ်းဆီးလိုက်တာလို့ ဆိုကြပါတယ်။
သူတို့ကို လူပွဲစားတွေက ခေါ်ယူပို့ဆောင်ဖို့ကြိုးစားကြတာဖြစ်ပြီး အမ်းမြို့န ယ်မှရန်ကုန်ထိပို့ဆောင်မယ့်ပွဲစားကို စောင့်နေကြချိန်မှာအဖမ်းခံလိုက်ကြရတာလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
“လာခေါ်မယ့်နောက်ပွဲစား ရောက်မလာသေးလို့ စောင့်နေတုန်းဖမ်းခံရတာ။ ဖမ်းတဲ့အချိန် ဘယ်ကိုသွားပြီး ဘာသွားလုပ်မယ်။ ပွဲစားက ဘယ်သူဘယ်ဝါဆိုတာကို မေးမြန်းပြီး ရိုက်နှက်တာတွေလုပ်တယ်လို့ပြောတယ်။ အမ်းဘက်က ပွဲစားကဘယ်သူဘယ်ဝါဆိုတာမသိရသေးလို့ သူတို့မေးတာကိုမဖြေနိုင်တော့ ရိုက်နှက်တာတွေ။ ဆဲတယ်လို့ပြောတယ်။ နောက်တော့ လူငယ်တွေအားလုံးကို စစ်မှုထမ်းရမယ်ဆိုပြီးတော့ ဖမ်းသွားတယ်လို့ပြောပါတယ်။” လို့ မိသားစုဝင်တဦးက Border News Agency ကို ပြောပါတယ်။
သူတို့ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကတတင့် တရုတ်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကြမယ့်သူတွေဖြစ်ကြပြီး သူတို့ကို ကျောက်တော်မြို့ နယ်၊ဒေးဝန်းကျေးရွာမှပွဲစားက ရန်ကုန်ထိတာဝန်ယူပို့ပေးမှာဖြစ်တယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
အဲဒီလိုတာဝန်ယူပို့ပေးမယ့်လူပွဲစားတွေဟာ အာရက္ခဒေသမှရန်ကုန်ထိ လူတဦးကို ကျပ်သိန်းနှစ်ဆယ်စီယူဆောင်ကြပေမယ့် လမ်းမှာဖမ်းဆီးခံရတာတွေဖြစ်ရင်လည်း တာဝန်ယူဖြေရှင်းပေးတာတွေမရှိကြဘူးလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
အဲဒီအထဲက ကျန်းမာရေးမကောင်းသူနှစ်ဦးကို ပြန်လွတ်ပေးလိုက်ပြီး ကျန်သူအားလုံးဟာ အာရက္ခတပ်တော်ဆီမှာစ စ်သင်တန်းတက်နေကြရတယ်လို့ မိ သားစုဝင်တွေက ဆိုကြပါတယ်။
“ကျွန်မအမျိုးသားက ရွာမှာကတည်း က နေမကောင်းလို့ ဆေးသောက်နေရတာ။ ကျန်းမာရေးမကောင်းလို့ စစ်မှုထမ်းဖို့အဆင်မပြေနိုင်ကြောင်းတွေ အိမ်မှာအဆင်မပြေတဲ့အကြောင်းတွေပြောပြမှ ပြန်လွှတ်ပေးလိုက်တာ။ ကျန်တဲ့ မိန်းကလေးတွေကော့ ယောကျာ်းလေးတွေပါ စစ်မှုထမ်းဖို့အတင်းဖမ်းထားလိုက်တယ်လို့ပြောတယ်။” လို့ မိသားစုဝင်တဦးက Border News Agency ကိုပြောပါတယ်။
အာရက္ခဒေသမှ စစ်မှုထမ်းဖို့အကျုံ့ဝင်သူတွေကို အရေးပေါ်ကာလပြီးဆုံးချိန်ထိ နေရပ်စွန့်ခွာခွင့်မပြုဘူးလို့ ပြီးခဲ့တဲ့မေလ ၂၂ရက်နေ့က အာရက္ခတပ်တော်မှထုတ်ပြန်သတိပေးထားပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ထုတ်ပြန်ထားပြီး အာမျိုးသား၊ အမျိုးသမီးတွေကို အသက်အရွယ်အလိုက် နှစ်နှစ်ထိစစ်မှုထမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။
အဲဒါကြောင့် အခကြေးငွေယူပို့ဆောင်နေသူတွေကို ဖမ်းဆီးရမိရင် တည်ဆဲဥပဒေအရအရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။