အာရက္ခဒေသမှာ ရာသီတုတ်ကွေးနဲ့ငှက်ဖျားရောဂါတွေ ဖြစ်နေ

By

Border News Agency
ကျောက်တော်၊ဇွန် ၈။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ရာသီတုတ်ကွေးရောဂါနဲ့ငှက် ဖျားရောဂါ အဖြစ်များနေကြတယ်လို့ အာရက္ခပြည်သူတွေနဲ့အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

အဲဒီလိုဖြစ်နေကြတာဟာ ဖျားနာမှုတွေကြောင့် ဆေးခန်းလာပြသူတွေကို သွေး စစ်ကြည့်မှ ရာသီတုတ်ကွေးရောဂါ၊ငှ က်ဖျားရောဂါဖြစ်နေကြတာကို တွေ့ရတယ်လို့ ​အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

“ခုငှက်ဖျားနဲ့ရာသီတုပ်ကွေးတွေအဖြစ်များနေကြတယ်။ဆေးခန်းလာပြတဲ့သူတိုင်းက ငှက်ဖျားနဲ့တုပ်ကွေးဖြစ်နေပြတယ်။အထူးသဖြင့်ကျောက်တော်နယ်နဲ့ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေမှာပိုအဖြစ်များတယ်။တုပ်ကွေးကအ ပြင်းစားတုပ်ကွေး။ဖြစ်တာနဲ့ခန္ဓာကိုယ် အဆစ်အမြစ်တွေကိုက်ခဲနာကျင်မယ်။ ခေါင်းကိုက်ခဲ​နာကျင်တာတွေဖြစ်မယ်။ ခြင်ကြောင့်ဖြစ်တာမို့ ကာကွယ်တဲ့အနေနဲ့ခြင်ထောင်တွေချပြီး အိပ်စက်သင့်ပါတယ်။” လို့ အာရက္ခပြည်သူ့ကျန်းမာ ရေးဝန်ထမ်းတဦးက Border News Agency ကို ပြောပါတယ်။

ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြားစတဲ့မြို့နယ်တွေက ဝေးလံခေါ င်းပါးတဲ့နေရာတွေမှာ ပိုမိုအဖြစ်များနေကြတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်တောဖျားချော င်းဒေသ၊ကျောက်တော်မြို့နယ်ယိုးချောင်းဖျားဒေသ၊ မြောက်ဦးမြို့နယ်လေးမြို့ချောင်းဒေသ၊မင်းပြားမြို့နယ်ဖုန်သာချောင်းဒေသမှာ ပိုမိုဖြစ်နေကြတာမို့ ဆေးဝါးအကူအညီတွေလိုအပ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီဒေသတွေမှာ မိုးရာသီခြုံနွယ်ထူထ ပ်တာတွေ၊ခြင်ပေါက်ဖွားနှုန်းများပြားတာမို့ ငှက်ဖျားရောဂါ၊ရာသီတုပ်ကွေးရာဂါတွေ ဖြစ်ပွားနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ကျွန်မနေမကောင်းဖြစ်နေတာ သုံးလေးရက်ရှိပြီ။ပထမတော့ ဒီအတိုင်းရိုးရိုးအဖျားလို့ထင်တာ။အဖျားကတ က်လိုက်ကျလိုက်နဲ့လေ။ရွာဆေးဆိုင်က ဆေးဝယ်သောက်လို့ မသက်သာဘူး။အဲဒါ…ဒီမနက်ဆေးခန်းသွားပြတာ။ငှ က်ဖျားနဲ့တုပ်ကွေးတွေအဖြစ်များနေတ ယ်ဆိုလို့…ငှက်ဖျားစစ်လာခဲ့တယ်။ရာ သီတုပ်ကွေးဖြစ်နေတယ်လို့ ဆရာဝန်ကပြောပါတယ်။အပြင်းစားရာသီတုပ်ကွေးလို့ပြောပါတယ်။ရခိုင်မှာ အခုဖြစ် ပွားသူများနေလို့ ဆရာဝန်က ဂရုစိုက်ဖို့ပြောလိုက်ပါတယ်။ထိုးဆေးတလုံးထိုးပြီးတော့ သောက်ဆေးတွေပေးလိုက်ပါတယ်။”လို့ ကျောက်တော်မြို့နယ်မှအ မျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီရောဂါဖြစ်နေကြတဲ့အာရက္ခပြည်သူတွေမှာ ဆေးခန်းသွားပြရင် လမ်းခ ရီးစာရိတ်တွေ၊ဆေးဝါးဈေးတွေတက်နေတာမို့ ငွေကြေးကုန်ကျများနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲတွေစတင်ကတည်းက စစ်ကောင်စီတပ်က ဆေး ဝါးသယ်ယူခွင့်တွေပိတ်ပင်ထားတာမို့အာရက္ခဒေသမှာ ဆေးဝါးပြတ်လပ်ရှား ပါးမှုတွေ ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ဂဏန်းတောင်ကျေးရွာက အသက်တဆယ်ကျော်အရွယ်အမျိုးသမီငယ်တဦးဟာငှက်ဖျားရောဂါကြောင့် ပြီးခဲ့တဲ့မေလတတိယအပတ်က သေဆုံးသွားခဲ့တယ် လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တော့ ရာသီတုတ်ကွေးရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ငှက်ဖျားရောဂါကြို တင်ကာကွယ်ရေးတွေ ဆောင်ရွက်ပေးနေသလို အသိပညာပေးမှုတွေလည်းပြုလုပ်ပေးနေပါတယ်။

ဒါပေမယ့် လူသားအရင်းအမြစ်နည်း ပါးတာတွေ၊ ဆေးဝါးနည်းပညာလိုအပ်ချက်တွေ၊လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့် နေရာဒေသအားလုံးမှာ မဆောင်ရွက်ပေးနိုင်သေးဘူးလို့ မာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here