Border News Agency
ကျောက်တော်၊ ဇွန် ၁၀။
အာရက္ခဒေသက မသန်စွမ်းသူတွေအတွက် ပြန်လည်သန်စွမ်းရေးအထောက် အကူပြုပစွည်းတွေ လိုအပ်နေကြတယ်လို့ မသန်စွမ်းသူတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေပြန်လည်သန်စွမ်းရေးအထောက် အကူပြုချိုင်းထောက်တွေ၊ခြေတုတွေ၊ လက်တုတွေအပါအဝင် အကူပစ္စည်းတွေ လိုအပ်နေကြတယ်လို့ မသန်စွမ်းသူတွေက ဆိုကြပါတယ်။
“ချိုင်းထောက်မရှိတော့ သွားလာရတာအဆင်မပြေဘူး။စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူးဖြစ်နေတယ်။ခြေတုတွေ ဝ ယ်ဖို့ကလည်းမတတ်နိုင်ဘူး။အလေးအပေါ့သွားဖို့ကိုတောင် တခြားသူတွေတွဲကူမှ အဆင်ပြေတယ်။ချိုင်းထောက်ရရင်တော့ သွားလာရတာအဆင်ပြေမှာပါ” လို့ ကျောက်တော်မြို့နယ်မှမသန်စွ မ်းအမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့လေကြောင်း၊လက် နက်ကြီးတွေ၊မိုင်းနဲ့စစ်ကျန်လက်နက်တွေကြောင့် အာရက္ခပြည်သူအများစုကိုယ်လက်အင်္ဂါဆုံးရှုံးသွားခဲ့ရသလို အသက်သေဆုံးမှုတွေလည်း အများကြီးရှိနေပါတယ်။
အဲဒီအပြင်အမြင်အာရုံနဲ့အကြားအာရုံတွေချို့ယွင်းသွားသူတွေလည်း ရှိနေကြပြီး သူတို့အတွက်လည်း အကူပစ္စ ည်းတွေမရှိကြတာမို့ နေ့စဥ်လူမှုဘဝ ရုန်းကန်လှုပ်ရှားသွားလာမှုတွေမှာ အခ က်အခဲတွေဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီလိုအခက်အခဲတွေကြောင့် ကိုယ်စိ တ်နှစ်ပါးထိခိုက်ခံစားနေကြရတာမို့ အထောက်အကူပြုပစ္စည်းတွေအပြင် စိတ်ပိုင်းဆိုင်ရာကုစားမှုတွေလည်း လိုအပ်နေကြတယ်လို့ မသန်စွမ်းသူတွေနဲ့မသ န်စွမ်းသူတွေအရေးကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။
အဲဒီမသန်စွမ်းသူတွေအတွက် ကိုယ်စိတ်နှစ်ပါးပြန်လည်သန်စွမ်းရေးအထော က်အကူတွေအပြင် အသက်ရှင်ရပ်တ ည်ရေးအတွက် သက်မွေးသင်တန်းတွေ ၊အသက်မွေးဝမ်းကျောင်းအလုပ်တွေ လည်း အရေးတကြီးလို အပ်နေတယ်လို့ ဆိုကြပါတယ်။
“မသန်စွမ်းသူတွေရဲ့အခြေခံအကျဆုံးလိုအပ်ချက်ကတော့ သူတို့ရဲ့သက်မွေးဝမ်းကျောင်းနဲ့အလုပ်အကိုင်ကပိုအ ရေး ကြီးပါတယ်။” လို့ ရခိုင်မသန်စွမ်းသူများအသင်းရဲ့ဥက္ကဋ္ဌဦးလှမြင့်က Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးတွေ၊မိုင်းအ သိပေးတာတွေ၊လက်ကမ်းစာစောင်တွေဖြန့်ဝေပေးနေပေမယ့် မိုင်းနဲ့စစ်ကျန်လက်နက်တွေကြောင့် အာရက္ခပြည်သူအများစုဟာ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုတွေ၊ထိခိုက်သေဆုံးမှုတွေ ဖြစ်နေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီထဲမှာ စားဝတ်နေရေးအတွက် ဟင်းခူး၊ငါးရှာသွားတဲ့ အိမ်ထောင်ဦးစီးအမျိုးသားတွေအများစုပါဝင်သလို အ မျိုးသမီးတွေလည်း အများအပြားထိ ခိုက်သေဆုံး၊ဒဏ်ရာရနေကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်နှစ်ဖက်ဆုံး ရှုံးသွားတဲ့အမျိုးသမီးတွေ၊ခြေထော က်တွေဆုံးရှုံးသွားတဲ့အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင် ရာကူညီထောက်ပံ့တာတွေလည်း လို အပ်နေတယ်လို့လည်း မသန်စွမ်းသူတွေက ဆိုကြပါတယ်။
“ကိုယ်လက်အင်္ဂါဆုံးရှုံးလို့ မသန်စွမ်းဖြစ်သွားသူတွေထဲမှာ အမျိုးသားတွေလိုပဲ အမျိုးသမီးတွေလည်း အများကြီးရှိတယ်။ကိုယ်လက်အင်္ဂါတွေဆုံးရှုံးသွားလို့ သူတို့စိတ်ထဲမှာ အားငယ်နေနိုင်တယ်။အစကတည်းက မိန်းကလေးတွေကို အားနွှဲ့သူလို့သတ်မှတ်ထားကြတာဆိုတော့ ပိုပြီးကူညီပံပိုးမူတွေလိုအ ပ်တယ်။” လို့ လူမှုကူညီရေးဆောင်ရွက်ပေးနေသူတဦးက Border News Agency ကို ပြောပါတယ်။
မသန်စွမ်းသူတွေအတွက် ပြန်လည်သန်စွမ်းရေးအထောင်အကူပြုပစ္စည်းတွေ၊စိတ်ပိုင်းဆိုင်ရာကုစားမှုတွေအပါအဝင်ကူညီထောက်ပံ့မှုတွေ မရှိသလောက်နည်းပါးနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေထဲက ငွေကြေးတတ်နိုင်သူတချို့ဟာ ခြေတု၊လက်တု၊ ချိုင်းထောက်စတဲ့ အ ကူပစ္စည်းတွေ ဝယ်ယူနိုင်ပေမယ့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အကူပစ္စည်းတွေကို ဝယ်ယူမရနိုင်တာတွေလည်း ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် စစ်ရေးပဋိပက္ခအတွင်းမှာ မသန်စွမ်းဖြစ်သွားသူတထောင်နီးပါးထိရှိလာပြီး အများစုဟာ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေဖြစ်ကြတယ်လို့ မသန်စွမ်းသူတွေအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။