Border News Agency
မြောက်ဦး၊ ဇွန် ၁၁။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ကျောင်းသုံးပုံနှိပ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ၊ခဲတံတွေ၊ဘောပန်တွေ စျေးတက်နေတယ်လို့ ကျောင်း သားမိဘတွေနဲ့ဆရာ၊ဆရာမတွေက ဆိုကြပါတယ်။
အဲဒီမှာကျောင်းသုံးပုံနှိပ်စာအုပ်တစုံကို ကျပ်သုံးသောင်းမှ ကျပ်တသိန်းထိ ရှိနေပြီး ဗလာစာအုပ်ဆိုရင်လည်းတဒါဇင်ကို ကျပ်နှစ်သောင်းမှသုံးသောင်းကျပ်ဝန်းကျင်ထိ ရှိနေတာပါ။
အဲဒီအပြင် ဘောပန်တချောင်းကို တထောင်ကျပ်၊ကွန်ပါဗူးတဗူးကိုတသော င်းကျပ်မှ ကျပ်တသောင်းခွဲထိ စျေးရှိနေပါတယ်။
“လမ်းတွေမပြောင့်လို့ စျေးတက်နေတာ။” လို့ မင်းပြားမြို့မှ စာရေးကိရိယာရောင်းတဲ့ဆိုင်ရှင်တဦးက ပြောပါတယ်။
အာရက္ခဒေသမှာ တတန်းမှ ငါးတန်းထိ ပုံနှိပ်စာအုပ်တွေဟာ တစုံကိုကျပ်သုံးသောင်းခွဲဝန်းကျင်၊ခြောက်တန်း၊ခုနှစ်တန်း၊ရှစ်တန်းစာအုပ်တွေဟာ တစုံကို ကျပ်လေးသောင်းခွဲဝန်းကျင်၊ဆယ်တန်းနဲ့ ဆယ့်တတန်းစာအုပ်တွေဟာ တစ်စုံကို ကျပ်ခြောက်သောင်းခွဲဝန်း ကျင်နဲ့ ဆယ့်နှစ်တန်းစာအုပ်တစုံကို တသိန်းဝန်းကျင်ထိ စျေးရှိနေပါတယ်။
အဲဒီလိုစာအုပ်စျေးတွေ ကြီးနေတာမို့ကလေးမိဘတိုင်းမှာ သူတို့ရဲ့ကလေးတွေကို ကျောင်းမထားနိုင် ကြတော့ပါဘူး။
“ပုံနှိပ်စာအုပ်တဆပ်၊ ဗလာစာအုပ်တဆပ်ဝယ်ဖို့တောင် မတတ်နိုင်ဘူး။ စားဖို့က အရေးကြီးတာကို။ ဒီကာလ အကုန်သူ ကြပ်တည်းကြတယ်။” လို့ ပေါက်တောမြို့နယ်မှလေးတန်းနဲ့ ခုနှစ်အရွယ် သား သမီးနှစ်ဦးကို ကျောင်းထုတ်လိုက်ရတဲ့ မိခင်တဦးက ပြောပါတယ်။
ကျောင်းသုံးစာအုပ်တွေဟာ မိုးရာသီဖြစ်တာမို့ သယ်ယူရေးလမ်းကြောင်းတွေ တက်နေတာလို့ ကုန်သည်တွေက ပြောကြပါတယ်။
အဲဒီလိုသယ်ယူစရိတ် ပိုသွားတဲ့အပြင် ကျောင်းဖွင့်ရာသီဖြစ်တာကြောင့် ဆိုင်သည်တွေ ဈေးပိုတင်လိုက်ကြတာလ ည်းရှိတယ်လို့ ကျောင်းသားမိဘတွေက
ဆိုကြပါတယ်။
“နွေရာသီတုန်းကဒီလောက်ဈေးမရှိဘူး။ လမ်းကြောင့်ရော။ဆိုင်ရှင်တွေဈေးတင်တာကြောင့်ရော ဈေးတက်သွားတာ ။” လို့ မြေပုံမြို့နယ်မှ ကျောင်းသားမိဘတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်စာသင်ရာသီမှာလည်းကျောင်းသုံးစာအုပ်တွေဟာ ဈေးအလွန်တက်ခဲ့ပြီး ပုံနှိပ်စာအုပ်တဆပ်ကို တသိန်းကျော်ထိ ဈေးရှိခဲ့ပါတယ်။