Border News Agency
ပုဏ္ဏားကျွန်း၊ ဇွန် ၁၁။
အာရက္ခဒေသက မြိုလူမျိုးတွေရဲ့ ရိုးရာလက်ရက်ကန်းလုပ်ငန်းတွေ ရပ်တန့်နေတယ်လို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။
အဲဒိီရိုးရာလက်ရက်ကန်းထည်တွေကို ဝယ်ယူသူမရှိတော့တာမို့ ရက်ကန်းလုပ် ငန်းတွေကိုပါ ရပ်တန့်ထားရတယ်လို့ ရိုးရာလက်ရက်၊ရက်ကန်းလုပ်ကိုင်နေကြသူတွေက ဆိုကြပါတယ်။
အဲဒီမြိုရိုးရာလက်ရက်ကန်းထည်တွေဟာ အရင်တုန်းက ဒေသခံတွေဝယ်ယူအားပေးမှုတွေကြောင့် ရောင်းအား ကောင်းခဲ့ပြီး ရက်ကန်းလုပ်ငန်းတွေလည်း ပုံမှန်လည်ပတ်နိုင်ခဲ့တယ်လို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ မြိုလူ မျိုးတွေဟာလည်း အခက်အခဲတွေနဲ့ကြုံနေကြရပြီး ရိုးရာလက်ရက်ကန်းထ ည်တွေကို ဝယ်ယူသူမရှိတော့တာမို့ လု ပ်ငန်းတွေရပ်တန့်ထားရတယ်လို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။
“ဝယ်သူမရှိလို့ ရက်ကန်းလုပ်ငန်းတွေကို ရပ်ထားတယ်။ဒီဘက်မှာက အများအားဖြင့် ရက်ကန်းရက်တာများတယ်။အခုက ဝယ်တဲ့သူတွေလုံးဝမရှိတာ။ဈေးလည်းမဖြစ်ဘူး။အထည်တွေထပ်မရက်ဘဲရပ်ထားရတယ်။တင်ကျန်နေမှာစိုးလို့လေ။” လို့ ပုဏ္ဏားကျွန်းမြို့နယ်၊ဗန်းဗွီးကျေးရွာမှ မြိုအမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီမြိုရိုးရာလက်ရက်ရက်ကန်းလုပ် ငန်းတွေ လုပ်ကိုင်ကြတဲ့ မြောက်ဦးမြို့မှာလည်း တိုက်ပွဲတွေကြောင့် ပြည်တွ င်းပြည်ပက ခရီးသွားဘုရားဖူးဧည့်သ ည်တွေ လာရောက်လည်ပတ်တာတွေမရှိတော့ဘူးလို့ ဆိုကြပါတယ်။
အဲဒါကြောင့် မြိုရိုးရာလက်ရက်၊ရက်က န်းထည်တွေကို ဝယ်ယူသူမရှိတော့တဲ့အတွက် ရောင်းအားတွေကျဆင်းလာပြီးရက်ကန်းလုပ်ငန်းတွေ ရပ်တန့်ထားရတာလို့ မြိုလူမျိုးတွေက ဆိုကြပါတ ယ်။
အဲဒီအပြင် မြိုရိုးရာလက်ရက်၊ရက်က န်းလုပ်ငန်းတွေဟာ မြိုအမျိုးသမီးတွေရဲ့ ဝင်ငွေရရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတခုဖြစ်တာမို့ ရက်ကန်းလုပ်ငန်းတွေ ရပ်တန့်ထားရမှုကြောင့် စားဝတ် နေရေးအခက်အခဲတွေဖြစ်နေကြတယ်လို့လည်း မြိုလူမျိုးတွေက ဆိုကြပါတ ယ်။
“ဒီရက်ကန်းခတ်တာက မြိုမိန်းကလေးတွေ သူသူ ငါငါတတ်မြောက်ကြတယ်။ အိမ်မှာနေရင်းဝင်ငွေရတဲ့အလုပ်တခုလည်းဖြစ်တယ်။ကိုယ်ပိုင်ရပ်တည်အ သက်မွေးဝမ်းကျောင်းနိုင်တယ်။လုပ် ငန်းတွေရပ်တန့်ထားရတော့ ရက်ကန်း ခတ်တဲ့ အမျိုးသမီးလေးတွေ ရပ်တည်ရခက်ခဲ့လာတာပေါ့။ဝင်ငွေလည်းမရှိတော့ဘူး။တောင်ယာလုပ်ငန်းတွေပြန်ဝင်ရင်း တောင်ယာစိုက်နေရတယ်” လို့ ရက်ကန်းလုပ်ငန်းလုပ်ကိုင်တဲ့ မြိုအ မျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီမြိုရိုးရာလက်ရက်ကန်းထည်တွေကို ရန်ကုန်သို့တင်ပို့ ဖြန့်ဝေရောင်းချခဲ့ပေမယ့် စစ်ပွဲနောက်ပိုင်း စစ်ကောင်စီတပ်က လမ်းတွေ ပိတ်ထားတာမို့ မတ င်ပို့နိုင်တော့ဘူးလို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။
အဲဒီမြိုရိုးရာလက်ရက်ကန်းထည်တွေမှာ ထဘီ၊ရင်ကတ်၊ခေါင်းပေါင်း၊ အမျိုးသား၊ အမျိုးသမီးဝတ်အင်္ကျီ၊ ခြုံထည်ပဝါနဲ့လွယ်အိတ်တွေဖြစ်ကြပြီး ရက်က န်းထည်တွေကို ရက်ကန်းစင်ပေါ်မှာ ဒီဇိုင်းဖော်ပြီး လက်နဲ့ရက်လုပ်တာဖြစ်ပါတယ်။
အဲဒီမြိုရိုးရာရက်ကန်းလုပ်ငန်းတွေ ရပ်တန့်ထားရပေမယ့် အခမ်းအနားတွေ၊ ပွဲတွေမှာ ကိုယ်တိုင်အသုံးပြုဖို့အတွက် ခြုံထည်ပဝါ၊အမျိုးသား၊အမျိုးသမီးဝတ်အင်္ကျီတွေ၊ခေါင်းပေါင်းစတဲ့အထ ည်တွေကို ကိုယ်တိုင်ရက်လုပ်အသုံးပြုနေကြတယ်လို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။
မြိုလူမျိုးတွေဟာ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးစတဲ့ မြို့နယ်တွေမှာ နေထိုင်ကြပြီး တောင်ယာလုပ်ငန်းတွေကို အဓိ ကသက်မွေးဝမ်းကျောင်းလုပ်ငန်းအ ဖြစ်လုပ်ကိုင်ကြသလို ရိုးရားရက်ကန်းလုပ်ငန်းအပြင် ရိုးရာဂျပ်ခုတ်လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ကြတယ်လို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။