Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ကျောက်တော်မြို့နယ် မြောက်ဦးခရိုင် သတင်း သဘာဝပတ်ဝန်းကျင် အာရက္ခဒေသ

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတချို့မှာ မိုးများရေကြီးနေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ဇွန် ၁၈။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်တချို့မှာ ဇွန်လ ၁၈ ရက်၊ ဒီနေ့မနက်ကစတင်ပြီး မိုးများရေကြီးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၅ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မြစ်ရေ၊ချောင်းရေတွေ တိုးလာပြီးရေ ကြီးနေပါတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“မိုးက နေ့နေ့ညည အဆက်မပြတ်ရွာတယ်။မြစ်ရေတွေလည်းတိုးတယ်။ လယ်ကွင်းပြင်တွေနဲ့ ချောင်းတွေမှာလည်း ရေတွေပြည့်တော့ ရေကြီးနေတာပါ။” လို့ ကျောက်တော်မြို့နယ်၊ချောင်းတူကျေးရွာသားတဦးက Border News Agency ကို ပြောပါတယ်။

အဲဲလိုမိုးရွာသွန်းမှုတွေကြောင့် ကျောက်တော်မြို့နယ်က ချောင်းတူ၊ ခမောင်းတော၊ ရွက်မညှိုးတောင်၊ မီးရပ်ပြင်၊ ဝါးတောင်၊ ပန်းဖဲချောင်း၊ ကန်စောက်စတဲ့ကျေးရွာတွေနဲ့ယိုးချောင်းဖျားကကျေး ရွာတွေမှာ တောင်ကျရေတွေဝင်ပြီးရေကြီးနေပါတယ်။

အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းလို့ ကုလားတန်မြစ်ရေတိုးလာတာပြီး မြေနိမ့်ပိုင်းနေရာတွေ၊ ကားလမ်းတွေ၊ ကျေးရွာတချို့၊ စစ်ဘေးရှောင်စခန်းတွေလည်း ရေနစ်နေပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီးရေကြီးနေလို့ စစ်ဘေးရှောင်အိမ်ထောင်စုနှစ်ရာကျော် ဘေးလွတ်ရာသို့ပြောင်းရွေ့ထားရတာမို့ အ ရေးပေါ်အကူအညီတွေ လိုအပ်နေကြပါတယ်။

“မိုးကြီးပြီးရေကြီးလို့ ရွာတွေလည်းရေနစ်နေတယ်။ကားလမ်းတွေကိုပါ ရေကျော်နေတယ်။စစ်ဘေးရှောင်စခန်းတွေလည်း ရေနစ်နေလို့ အကူအညီတွေလိုအပ်နေပါတယ်။အရေးပေါ် စားနပ်
ရိက္ခာတွေနဲ့ နေထိုင်ဖို့နေရာထိုင်ခင်းတွေလိုအပ်နေပါတယ်။စစ်ဘေးရှောင်တွေကိုတော့ ဘေးလွတ်ရာသို့မနက်ကနေ ပြောင်းရွေ့ထားတယ်။”
လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတဦးက Border News Agency ကို ပြောပါတ ယ်။

ပြီးခဲ့တဲ့ဇွန်လပထမပတ်ကလည်း မိုးသည်းထန်းစွာရွာသွန်းမှုပြီးမြစ်ရေမြင့်တက်လာလို့ ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦးစတဲ့မြို့နယ်တွေမှာ ရေကြီးမှုတွေဖြစ်ပွားခဲ့ပါတယ်။

အာရက္ခဒေနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်တောင်ပိုင်းနဲ့ ဆက် စပ်ပြီး အိန္ဒိယနိုင်ငံ၊အနောက်ဘင်္ဂလားပြည်နယ်မှာ ဇွန်လ ၁၇ ရက်ကစတင်ပြီးလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအား ကောင်းပြီး အရှေ့ဘက်က ရွေ့လျားနေတဲ့ လေပွေလှိုင်းတွေနဲ့အနောက်ဘက်က ရွေ့လျားနေတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် လာမယ့်ဇွန်လ ၂၃ ရက်နေ့ထိ မိုးရွာသွန်းနိုင်တယ်လို့လည်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီဌာနက ထုတ်ပြန်ထားပါတယ်။

PrevPreviousပုဏ္ဏားကျွန်းမြို့နယ်က ရေဘေးသင့်စစ်ဘေးရှောင်တွေ အရေးပေါ်အကူ အညီလိုအပ်နေ
Nextအာရက္ခပြည်သူတချို့ကို လူကုန်ကူးသ မားတွေ ပစ်မှတ်ထားရောင်းစားနေNext
Previous Post

ပုဏ္ဏားကျွန်းမြို့နယ်က ရေဘေးသင့်စစ်ဘေးရှောင်တွေ အရေးပေါ်အကူ အညီလိုအပ်နေ

Next Post

အာရက္ခပြည်သူတချို့ကို လူကုန်ကူးသ မားတွေ ပစ်မှတ်ထားရောင်းစားနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

“သဘာဝဘေးအန္တရာယ်တွေကြောင့် လယ်သမားတွေ အခက်အခဲမျိုးစုံကြုံနေကြရပါတယ်။”

July 8, 2025
(ဓာတ်ပုံ - ကျောက်တော်မြို့နယ်ချောင်ညောင်းကျေးရွာနဲ့စစ်ဘေးရှောင်စခန်း / BNA)

ကျောက်တော်မြို့နယ်က ကျေးရွာတချို့ရေနစ်မြုပ်နေ

July 8, 2025
Photo - APM

ကျောက်တော်မြို့နယ်၊သရက်တပင်နဲ့ ညောင်ချောင်းရွာရေနစ်မြုပ်နေ

July 8, 2025

ကျောက်တော်မြို့နယ်မှာ မိုးများလို့ ရေနစ်မြုပ်နေ

July 8, 2025

“သဘာဝဘေးအန္တရာယ်တွေကြောင့် လယ်သမားတွေ အခက်အခဲမျိုးစုံကြုံနေကြရပါတယ်။”

ကျောက်တော်မြို့နယ်က ကျေးရွာတချို့ရေနစ်မြုပ်နေ

ကျောက်တော်မြို့နယ်၊သရက်တပင်နဲ့ ညောင်ချောင်းရွာရေနစ်မြုပ်နေ

ကျောက်တော်မြို့နယ်မှာ မိုးများလို့ ရေနစ်မြုပ်နေ

အာရက္ခဒေသကမြို့နယ်တချို့မှာ မိုးများလို့ လယ်ယာမြေတွေပျက်စီ

ကျောက်မဲနဲ့မိုးကုတ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ လေးဦးသေဆုံး

Releated Post

“သဘာဝဘေးအန္တရာယ်တွေကြောင့် လယ်သမားတွေ အခက်အခဲမျိုးစုံကြုံနေကြရပါတယ်။”

July 8, 2025
(ဓာတ်ပုံ - ကျောက်တော်မြို့နယ်ချောင်ညောင်းကျေးရွာနဲ့စစ်ဘေးရှောင်စခန်း / BNA)

ကျောက်တော်မြို့နယ်က ကျေးရွာတချို့ရေနစ်မြုပ်နေ

July 8, 2025
Photo - APM

ကျောက်တော်မြို့နယ်၊သရက်တပင်နဲ့ ညောင်ချောင်းရွာရေနစ်မြုပ်နေ

July 8, 2025

ကျောက်တော်မြို့နယ်မှာ မိုးများလို့ ရေနစ်မြုပ်နေ

July 8, 2025
(ဓာတ်ပုံ - ကျောက်တော်မြို့ကလယ်ယာမြေတချို့ကို ဇူလိုင်လ ၇ ရက်နေ့ကတွေ့ရပုံ / BNA)

အာရက္ခဒေသကမြို့နယ်တချို့မှာ မိုးများလို့ လယ်ယာမြေတွေပျက်စီ

July 8, 2025
(ဓာတ်ပုံ - တအာင်းတပ်မတော်)

ကျောက်မဲနဲ့မိုးကုတ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ လေးဦးသေဆုံး

July 8, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page